လိုင်လင်းပီ ဇန်နဝါရီ ၉
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ အမှိုက်ပစ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား မြို့စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက် ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ စတင်ဖောက်လုပ်နေပြီ ဖြစ်သည်။
အဆိုပါ အမှိုက်ပစ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်နယ် ခွင့်ပြုရန်ပုံငွေ ကျပ် (၁၈.၀၀) သန်းအနက် ခိုင်မြင့်သူကုမ္ပဏီလီမီတက်မှ ကျပ် (၁၇.၄၆၀) သန်းဖြင့် တင်ဒါအောင်မြင်ကာ တာဝန်ယူဖောက်လုပ်လျက်ရှိသည့် အလျား ပေ (၅၂၈၀)၊ အကျယ် (၁၈)ပေ၊ မြေသားလမ်း အမျိုးအစားဖြစ်ကြောင်း မြို့စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။
ယာကမ်(ပြန်/ဆက်)