လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ပရိဘောဂပစ္စည်းများနှင့် မီးစက် (၁)လုံး အလှူရှင်များစုပေါင်းလှူဒါန်း

လိုင်လင်းပီ          ဇန်နဝါရီ         ၁၆

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့တိုက်နယ်ဆေးရုံအတွက် ပြည်တွင်း/ပအလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် စုစုပေါင်း ငွေ ကျပ်-ဆယ့်နှစ်သိန်း တန်ဖိုးရှိ ဆေးစတိုခန်းအတွက်ဗီရို (၁) လုံး၊ YAMABISI EC 4800 DXE မီးစက် (၁)လုံးနှင့် ပြင်ပလူနာဌာနအတွက် လေးယောက်ထိုင် စတီးထိုင်ခုံ(၅)တန်းလှူဒါန်းခြင်းကို အဆိုပါတိုက်နယ် ဆေးရုံ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က ပြုလုပ်ကြသည်။

အဆိုပါလှူဒါန်းပွဲ၌ အလှူရှင်များဖက်မှ လှူဒါန်းရသည့်ရည်ရွယ်ချက်များပြောကြားကာ ပစ္စည်းများ အလှူခံရရှိမှုနှင့် ပတ်သက်၍ တိုက်နယ် ဆေးရုံတာဝန်ခံ ဒေါက်တာအောင်မျိုးသူမှ ကျေးဇူးတင်စကား ပြောကြားပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ရာ အလှူရှင်များနှင့် ပြည်ပရောက်အလှူရှင်များ၏ကိုယ်စား မိသားစု ဝင်များမှ လက်ခံရယူကြသည်။

 ယာကမ် (ပြန်/ဆက်)