(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြိုအဖြစ် ဟားခါးမြို့မဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပြီး ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း
(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအာဖြင့် ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဟားခါးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဟားခါးမြို့မရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် သီးခြားတပ်ဖွဲ့များ စုစုပေါင်း (၅၅) ဦးက စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီ တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့မ ဘုန်းကြီးကျောင်း လမ်းဘေးဝဲ/ယာမှ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းသန့်ရှင်း ရေးပြုလုပ်ခဲ့ကြသည်။