တီးတိန်မြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပန်းချီပြိုင်ပွဲ ကျင်းပ

တီးတိန် ဩဂုတ် ၃၀

ချင်းပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၊ စံကိုက်ညီ‌စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၄၅)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။  

ပြိုင်ပွဲကို တီးတိန်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)