ကရင်ပြည်နယ်

ဘားအံမြို့တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရာဘာသစ်ပါးလွှာစက်ရုံဖွင့်

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် Diamomd & Diamond Co.,Ltd ၏ သစ်ပါးလွှာစက်ရုံဖွင့်ပွဲကို  ဒီဇင် ဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီခွဲက ဘားအံစက်မှုဇုန်၊ ဇုန်အမှတ်(၂)၊ အကွက်အမှတ် (၈၆)ရှိ အဆိုပါစက်ရုံတည်နေရာ၌ ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့တွင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ( ၃/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း  ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့လူငယ်စင်တာတွင် အခြေခံစာကြည့်တိုက်သင်တန်း ဖွင့်လှစ်သင်ကြား

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းစာကြည့်တိုက်များ ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်ပညာရပ်များကို လေ့လာသင်ယူပြီး ပြန်လည်အသုံးချတတ်သည့် စာကြည့်တိုက်မှူး ကောင်းတစ်ယောက် ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာ သင်တန်း ဒုတိယနေ့အဖြစ် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး စာအုပ်အား ယမန်နေ့နေ့လည် (၁) နာရီက Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီး ဒေသထွက်ငှက်ပျောသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ် သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သော ဖာလာ၊ ကော်ဖီ၊ တညင်း၊ ဒူးရင်းသီး၊ လက်ဖက်စသည့် နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် နှစ်တိုပင်သီးနှံဖြစ်သည့် ငှက်ပျော်သီးပင်များကို နှစ်ရှည်ခံပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ပင်စင်လစာငွေများ ထုတ်ပေး

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့၌ အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခရိုင်အဆင့်အသိပညာပေးသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ “အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခရိုင်အဆင့်သင်တန်း ၂/၂၀၂၅” ကို ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်၉နာရီတွင် ဖွင့်လှစ်သည်။

ကရင်ပြည်နယ် လူငယ်စင်တာ၌ အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်း (၂/၂၀၂၅) သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လူငယ်စင်တာ၌ ကျင်းပသည်။

လိပ်သိုမြို့နယ်တွင် ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာမက စဉ်းစား တွေးခေါ်နိုင်စေရန် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန် နှင့်စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် စာရေးဆရာ သစ္စာနီ ရေးသားသော “ကလေးတို့ဘဝ ကလေးတို့ကမ္ဘာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လည် ၁၁ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်