ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ စာအုပ် စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်၊ စာစောင်များ နေ့စဉ်လာ ရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အောင်ပွဲရအမျိုးသားအသင်းအား ဂုဏ်ပြုကြိုဆို

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပသော ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ကြသော အောင်ပွဲရ လှိုင်းဘွဲမြို့နယ်ကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက မြန်မာ့စီးပွားဘဏ်(ခွဲ)ရှေ့၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဘားအံမြို့၌ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၂၉ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

ကော့ကရိတ်မြို့နယ်တွင် ၂၀၂၆ခုနှစ်  အစိုးရပါဠိပထမပြန်စာမေးပွဲ  ကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ၂၀၂၆ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီက ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့၏ ဓမ္မသုခစာသင်တိုက်၌ ကျင်းပသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ကော့ကရိတ်မြို့  ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌  မတ် ၂၈ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းရွှေနှင့်အဖွဲ့ဝင်များသည် တံတားကျိုးပူးပေါင်းစစ်ဆေးရေးဂိတ် ရုံးအဆောက်အဦများ ပြင်ဆင်ထားရှိမှုအား  ကြည့်ရှုစစ်ဆေးပြီး ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ ဒေါနခန်းမတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။

မြဝတီမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပ

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှု​ဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ ဒုတိယနေ့ကို ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ ဟိတကာရီဗိမာန်တော် စာဖြေဌာန၌  ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကစ္စည်း သဒ္ဒါကြီး ဘာသာရပ်ကို  ဆက်လက်ဖြေဆိုသည်။

လိပ်သိုဒေသတွင် မရမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ဈေးရ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြရာ မရမ်းသီးစိုက်ပျိုးသူတောင်သူများ မရမ်းသီးမှည့် ဝယ်လိုအားနည်းချိန်တွင် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချလျက်ရှိသည်။

သံတောင်ကြီးဒေသရှိ လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်နေပြီး အသီးအထွက်နှုန်းကောင်းမွန်ရန်မျှော်လင့်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်းနှင့်နှစ် ရှည်ဉယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိကအားထားလုပ်ကိုင် အသက်မွေးကြရာ လိုင်ချီးပင်သည်လည်း ဒေသခံများအားထားစိုက်ပျိုးရာ နှစ်ရှည်သီးနှံပင်တစ်မျိုး ဖြစ်သည်။ ယခင်နှစ် လိုင်ချီးသီးများ အထွက်နှုန်းလျော့နည်းလျက်ရှိပြီး  ယခုနှစ်တွင် လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိရာ အသီးထွက်နှုန်းကောင်းမွန်ရေးကိုလည်း  လိုင်ချီးစိုက်တောင်သူများ မျှော်လင့်ကြကြောင်းသိရသည်။

သံတောင်ကြီးမြို့  ရှင်ဂျော့ဂျက် ဘုရားကျောင်းတွင် နွေရာသီဓမ္မပညာသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ရှင်ဂျော့ဂျက်ဘုရားကျောင်းမှ ဓမ္မပညာဆရာမများကဦးဆောင်၍ ကလေးသူငယ်များ နွေရာသီအားလပ်ရက်များတွင်  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန် များတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးသူငယ်များဖြစ်စေရန်အတွက် နွေရာသီဓမ္မပညာသင်တန်းဖွင့်လှစ်ခြင်းကို  ယနေ့နံနက်(၉)နာရီအချိန်က ရှင်ဂျော့ဂျက်ဘုရားကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စိတ်ကြိုက်ပုံတူပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်  ကျောင်းသူ/ကျောင်းသားများ နွေရာသီကျောင်းပိတ်ရက်၌ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရေးအတွက်ယနေ့နံနက်(၁၀)နာရီအက စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်