သံတောင်ကြီးမြို့၌ နယ်လှည့်စာကြည့်တိုက်အစီအစဉ်ဖြင့် ကြာသပတေးနေ့တိုင်း စာအုပ်များငှားရမ်းပေးမည်
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ အားလပ်ချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်အတွက် အပတ်စဉ်ကြာသပတေးနေ့တွင် နယ်လှည့်စာကြည့်တိုက်ဖြင့် သုတစာအုပ်၊ ဝတ္တု၊ ဂျာနယ် ၊ မဂ္ဂဇင်း ၊ ပုံပြင် ၊ ရုပ်ပြ စသည့် စာအုပ်များစုံလင်စွာ ငှားရမ်းပေးမည်ဖြစ်ကြောင်းသိရသည်။