မြဝတီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ် ၁၈ ရက် နံနက် (၁၀)နာရီက နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ရာ Grade – 9 ကျောင်းသားကျောင်းသူ (၆၈)ဦး လေ့လာဖတ်ရှုခဲ့ကြသည်။