ဘားအံမြို့၌ ခရိုင်အဆင့်အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး သင်တန်းဖွင့်လှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမျိူးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဒေသခံအိမ်ထောင်ရှင်အမျိုးသမီးများ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တိုးပွားလာစေရန်နှင့် စွန့်ပစ်ပစ္စည်များ ခွဲခြားသိမ်းဆည်ခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးသင်တန်းကို ဘားအံခရိုင်ပတ်ဝန်းကျင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။