ကရင်ပြည်နယ်

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့် စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ၊ Online သုံးစွဲသူများ လုံခြုံမှုရှိစေရေး သတိပေးချက်များကို အလေးထားလိုက်နာကြရန်လိုကြောင်း အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် လိမ်လည်ဖြားယောင်းမှုများနှင့် စပ်လျဉ်းပြီး အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့(က)ရပ်ကွက်တွင် စေတနာရှင်၊ အလှူရှင်များကစုပေါင်း၍ စတုဒိသာများကျွေးမွေးလှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများရရှိစေရန် စေတနာရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒိသာများကျွေးမွေးဧည့်ခံကြရာ ယမန်နေ့ညနေ(၃)နာရီအချိန်က လှိုင်းဘွဲမြို့(က)ရပ်ကွက်၊ ဘားအံလမ်းရှိ လှိုင်းဘွဲ-ဘားအံကားဂိတ်၌ ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။

အခြေခံကျောင်းသား အားကစားပွဲတော် အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုကြိုဆို

နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲများရရှိခဲ့သည့် ကရင်ပြည်နယ် ကျောင်းသားအားကစားသမားများသည် ဒီဇင်ဘာလ (၁၆) ရက်နေ့ မွန်းလွဲ (၄) နာရီခန့်က ဘားအံမြို့သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစား ဝါသနာရှင်များက မြို့အဝင်မုခ်ဦးမှစ၍ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ(တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၅ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ ကျင်းပသည်။

ပိုင်ကျုံမြို့ အ.လ.က-ကစိုကျောင်း၌ လူငယ်ရေးရာအသိပညာပေး‌ဟော‌ပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန်ရည်ရွယ်၍ ယမန်‌နေ့မွန်းလွဲပိုင်းက အ.လ.က-ကစိုကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကိုမျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းကို  အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်နှစ်ကူးနေ့အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနား ကျင်းပ

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊‌‌ ကစိုကျေးရွာအုပ်စု၊ ကစိုကျေးရွာ၌ (၂၅) ကြိမ်မြောက် ငွေရတုကရင်နှစ်ကူးနေ့အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းနားကို ယနေ့နံနက်ပိုင်းက ကစိုကျေးရွာဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် နောင်သငဲ့ကျေးရွာတွင် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တိုင်းရာသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားလူမျိုးများအနေဖြင့် ရရှိရထိုက်သောအခွင့်အရေးများကို ရရှိစေရန်အတွက် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အသက်မွေးဝမ်းကျောင်းလိုအပ်ချက်များဆန်းစစ်ခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က နောင်သငဲ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်၊ ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၅ နာရီအချိန်က ပြည်နယ်ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဓမ္မာရုံ၌ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိပါဠိတော်ကို ရွတ်ဖတ်ပူဇော်မည့် ဘာဏကသံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်ဆုတောင်းဝတ်ပြုပွဲပြုလုပ်

ခရစ်သက္ကရာဇ် (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ(၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဆုတောင်းဝတ်ပြုပွဲကို ကရင်ပြည် နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ကျင်းပရာ သိက္ခာတော်ရဘုန်းတော်ကြီး Rev,Fr. မာတင်ဝင်းဦး၏ အဖွင့်ဆုတောင်းပေးခြင်းဖြင့် စတင်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်