ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ် (Community Centre) ခန်းမတွင် Book Club/Youth Club များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာ မောင်သာမည၏ အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းစာအုပ်အား ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် အာရေးဗီးကားကော်ဖီသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ ဉယျာဉ်ခြံများတွင် ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားလျက်ရှိကြရာ နှစ်ရှည်ပင်ဖြစ်သည့် အာရေးဗီးကား ကော်ဖီသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူးနေပြီဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ယာဉ်မောင်းသူ၏ပေါ့ဆမှုနှင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းမလိုက်နာမှုတို့ကြောင့် ယာဉ်မတော်တဆမှုများအဓိကဖြစ်ပွား

ကရင်ပြည်နယ်အတွင်း ယာဉ်တိုက်မှုများနှင့်သေဆုံးထိခိုက်မှုများတွင် လူကြောင့်ဖြစ်သည့် ယာဉ်မောင်းသူ၏ပေါ့ ဆမှုနှင့် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းမလိုက်နာမှုတို့သည် အဓိကအကြောင်းအရင်းဖြစ်ကြောင်း နိုဝင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏(၆/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

လှိုင်းဘွဲမြို့တွင် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ခြင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းအခမ်းအနား ကျင်းပ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်ခြင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က လှိုင်းဘွဲမြို့ (က)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီက “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး” အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) ဒုတိယနေ့ ဆက်လက်သင်ကြား

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၂၅) ကို ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်တွင် သင်တန်းဒုတိယနေ့အဖြစ် ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း လှိုင်းဘွဲမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးသင်တန်းနှင့် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများအား လိုက်လံကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် လှိုင်းဘွဲမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ လှိုင်းဘွဲမြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဘားအံမြို့ရှောင်လမ်း နှစ်စဉ်ရေကျော်သောအပိုင်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

ကရင်ပြည်နယ်၊ ဘားအံမြို့သည် မိုးများသည့်ဒေသဖြစ်ပြီး နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိရာ ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာရာတွင် အရေးပါသော ဘားအံမြို့ရှောင်လမ်း၏ ရေကျော်သောအပိုင်းအား ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ(၂၉၆၃ ဒဿမ ၆၀၀ သန်း)ဖြင့် ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြဝတီမြို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး နှိုးဆော်ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ပြည်သူများ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများသိရှိစေရန်ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၌ နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် ဆီထွက်သီးနှံအထွက်နှုန်း တိုးတက်ရေး နည်းပညာဆွေးနွေးပွဲ ကျင်းပ

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  စိုက်ပျိုးရေးတောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် ဆီထွက်သီးနှံအထွက်နှုန်းတိုးတက်ရေး နည်းပညာဆွေးနွေးပွဲကို ကော့ကရိတ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူး၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးတောင်သူ စုစုပေါင်း (၃၀) ဦး တက်ရောက်ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်