ကော့ကရိတ်မြို့နယ်၌ နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် ဆီထွက်သီးနှံအထွက်နှုန်း တိုးတက်ရေး နည်းပညာဆွေးနွေးပွဲ ကျင်းပ
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးတောင်သူများအား နေကြာမျိုးစေ့ပေးအပ်ပွဲနှင့် ဆီထွက်သီးနှံအထွက်နှုန်းတိုးတက်ရေး နည်းပညာဆွေးနွေးပွဲကို ကော့ကရိတ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေး မှူး၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စိုက်ပျိုးရေးတောင်သူ စုစုပေါင်း (၃၀) ဦး တက်ရောက်ကြောင်း သိရသည်။