ကရင်ပြည်နယ်

မြဝတီမြို့၌ သောင်ရင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ မဖြစ်ပေါ်စေရေး  ကြိုတင်အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ခရိုင်မီးသတ်ဦးစီးဌာနနှင့်  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ယနေ့နံနက် ၁၀ နာရီက မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၁)၊ (၂)နှင့် (၅)ရပ်ကွက်တို့၌ သောင်ရင်းမြစ်ရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သည်။

ဘားအံ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်

ကရင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ၊ တက္ကသိုလ်/ကောလိပ်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre တွင် အောက်တိုဘာလ ၃ ရက်နေ့က အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ဖွင့်လှစ်သည်။

မြဝတီမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု ကြည့်ရှုအားပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှစ၍ စာရင်းကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးနစ်မြုပ်လမ်းတံတားများနှင့် မိုစပါးစိုက်ခင်းများ ပြန်လည်ပြင်ဆင်ထွန်ယက်စိုက်ပျိုးနေမှု ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သွားသော လမ်း၊တံတားများနှင့် ထိခိုက်ပျက်စီးမိုးစပါးများ မြေဩဇာကြဲပက်ထွန်ယက်စိုက်ပျိုးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ထိခိုက်ပျက်စီးမိုးစပါးစိုက်ဧကများ ပြန်လည်ထွန်ယက်စိုက်ပျိုးနေမှု၊ ခရီးစဉ်ဒေသများနှင့် သန်းခေါင်းစာရင်းကောက်ယူနေမှုတို့အား ကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင်တိုင်ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးပြီးမိုးစပါးများ ရေကြီးနစ်မြုပ်ခဲ့ပြီး ပထမအကြိမ်ရေကြီးရေလျှံမှုဖြစ်စဉ်တွင် မိုးစပါး(၁၃၁၄၆)ဧက ပျက်စီးခဲ့သော်လည်းအချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကာ ဒုတိယအကြိမ် ရေကြီးရေလျှံမှုတွင် မိုးစပါး ၃၁၂၉၆ ဧကထိခိုက်၍ ၁၄၄၆၁ ဧက ထပ်မံပျက်စီးခဲ့ရသည့်အတွက် အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး တွန်းအားပေးစည်းရုံးဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထိခိုက်ပျက်စီးမိုးစပါးဧကများ ပြန်လည်ထွန်ယက်စိုက်ပျိုးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူမှုအား ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး

ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကွင်းဆင်းစာရင်း ကောက်ယူနေကြပြီဖြစ်ရာ ယမန်နေ့နံနက် ၇ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများ အိမ်ရာဝင်းအတွင်းရှိ ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်မှစတင်၍ စာရင်းကောက်အဖွဲ့များက သန်းခေါင်စာရင်းကို စတင်ကောက်ယူကြသည်။

မြဝတီမြို့၌  ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စာရင်းစစ်၊စာရင်းကောက်အဖွဲ့များက ယမန်နေ့နံနက် ၇ နာရီမှစတင်ကာ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်းစနစ်ဖြင့်  စာရင်းကောက်ယူပြီးဖြစ်ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စတင်ကောက်ယူ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြို့နယ်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယမန်နေ့နံနက်(၇)နာရီမှ စတင်၍ စာရင်းကောက်အဖွဲ့ (၃၇)ဖွဲ့တို့က မြေပြင်ကွင်းဆင်း၍ ကောက်ယူလျက်ရှိကြောင်းသိရသည်။
Subscribe to ကရင်ပြည်နယ်