ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေး မွေးမြူရေးခြံများအား ကြည့်ရှုအားပေး
ကရင်ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းများကို ဒေသဝမ်းစာဖူလုံရေးနှင့်စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် တောင်သူများက တစ်ပိုင်တစ်နိုင်နှင့်စီးပွားဖြစ်မွေးမြူလုပ်ကိုင်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် လှာကဒေါင်ကျေးရွာအုပ်စုရှိ မွေးမြူရေးဇုန်နှင့်မွေးမြူရေးခြံများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။