ကရင်ပြည်နယ်

ဘားအံမြို့၌ “ရွှေဘုန်းကံ” စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသားများနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေး

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မုက္ကဒိကျေးရွာရှိ ရွှေဘုန်းကံ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသို့ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်နှင့်  တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မုက္ကဒိ‌ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အသင်းသားတောင်သူ (၄၃)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန် အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ သာထွန်းဦး ရေးသားသော “ကြွေးမြီကင်းသောဘဝနေမှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု စံပြမိခင်ပြိုင်ပွဲနှင့် ချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အာဟာရရက်သတ္တပတ် လှုပ်ရှားမှု စံပြမိခင်ရွေးချယ်ပြိုင်ပွဲနှင့် အာဟာရပြည့်ဝသည့် ဟင်းများ ချက်ပြုတ်သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ စာအုပ်စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နေ့လယ် (၁၂) နာရီကျောင်းဆင်းချိန်နှင့် ညနေ ၃ နာရီခွဲကျောင်းဆင်းချိန်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့စာအုပ်/စာစောင်များ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သြဂုတ်လ ၁၁ ရက်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲတို့၌ "ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ" အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌  ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် လူငယ်များပါဝင်ရန် အရေးကြီးကြောင်းအသိပညာပေး

ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ဩဂုတ် ၁၁ ရက်ကကျင်းပရာ  ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းအိတို့က ပူးပေါင်းဆောင်ရွက်ကြသည်။

ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ရေး၊ ခြေတုလက်တုနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာသင်တန်းများဖွင့်လှစ်ပေးရေးဆွေးနွေး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဌာနေကိုယ်စားလှယ် Mr.Arnaud de Baecque နှင့်အဖွဲ့ အား ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဘားအံမြို့၌ ခရိုင်အဆင့်အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ် ဘားအံမြို့၌ ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမျိူးသမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ ဒေသခံအိမ်ထောင်ရှင်အမျိုးသမီးများ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တိုးပွားလာစေရန်နှင့် စွန့်ပစ်ပစ္စည်များ ခွဲခြားသိမ်းဆည်ခြင်း အလေ့အကျင့် ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး သင်တန်းကို ဘားအံခရိုင် ပတ်ဝန်းကျင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

ဘားအံမြို့၌ ခရိုင်အဆင့်အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမျိူးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဒေသခံအိမ်ထောင်ရှင်အမျိုးသမီးများ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တိုးပွားလာစေရန်နှင့် စွန့်ပစ်ပစ္စည်များ ခွဲခြားသိမ်းဆည်ခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးသင်တန်းကို ဘားအံခရိုင်ပတ်ဝန်းကျင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်  Biometric (UID) စနစ်ဖြင့် Smart Card ပြုလုပ်ဆောင်ရွက်ပေး

ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကေ့ာကရိတ်မြို့နယ် ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ ယာယီရုံးဖွင့်လှစ်ထားသည့် အလေးမအားကစားရုံတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to ကရင်ပြည်နယ်