Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တွံတေးမြို့နယ် ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းနှင့် ဒလမြို့နယ်ဇုန် (၁၀)ရေပေးဝေရေးစခန်းသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုလေ့လာ
Jul 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒလမြို့နယ်သို့ ပြည်သူများသန့်ရှင်းသော သောက်သုံးရေရရှိစေရေးအတွက် ရေပေးဝေရေး စခန်းများသို့ ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၈ နာရီက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ဘွယ်မြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 12,2025
အပူပိုင်းဒေသ(၁၃)ခရိုင်အတွင်း တစ်ခုအပါအဝင်ဖြစ်သည့် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက်(၇)နာရီက ညောင်ရွှေကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၈၈/၂)အနီးတွင် ကျင်းပရာ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပွဲတော်ကျင်းပ
Jul 12,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး၊ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ် သစ်တောဦးစီးဌာနနှင့် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့၏အစီအစဉ်ဖြင့် ယမန်နေ့နံနက် (၇) နာရီက တံငါ့ကန်ကျေးရွာအုပ်စု ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၄/၀ အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားသည့် ဝန်ထမ်းများအား မိသားစုပင်စင်ငွေများပေးအပ်
Jul 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၃)ဦးအား (၁၀၁) ကြိမ်မြောက် မိသားစုပင်စင်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jul 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင်လ (၁၀) ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရိပ်ရပင်နှင့် ပန်းအလှပင်များစိုက်ပျိုး
Jul 12,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အရိပ်ရပင်များနှင့်ပန်းအလှပင်များကို စည်ပင်သာယာပန်းခြံရှိ ပျိုးဥယျာဉ်တွင် ပျိုးပင်များဆောင်ရွက်ထားရှိပြီး လမ်းများအလိုက် စိုက်ပျိုးလျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာ ဦးဆောင်မှုဖြင့် စည်ပင်သာယာဝန်ထမ်းများက ရွှေပြည်သာရပ်ကွက်ရှိ အောင်သိဒ္ဓိလမ်းမကြီး၌ ခရေပင်(၈၅)ပင်အား ဆက်လက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Jul 12,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ ဆဋ္ဌမအကြိမ်မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 12,2025
၂၀၂၅ ခုနှစ်၊ ဆဋ္ဌမအကြိမ်မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကား ရေဝေရေလဲ ဒေသအတွင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့တို့မှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3894
Page
3895
Page
3896
Page
3897
Current page
3898
Page
3899
Page
3900
Page
3901
Page
3902
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department