အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေကြီးများ နူးလာမှုကြောင့် မြို့မရဲစခန်းအတွင်းရှိ ကုက္ကိုလ်ပင် (လုံးပတ် ၁၀ပေ ၊အမြင့် ၆၀ ပေ) သည် အမြစ်မှ ကျွတ်ထွက်ကာ  ပြိုလဲခဲ့သည်။
Jul 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးဦးပန်းခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ ပြပွဲနှင့် အားကစားပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြေးခုန်ပစ်ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ရွှေတံဆိပ်များဆုရှင် မြန်မာ့လက်ရွေးစင်အားကစားသမား ဦးအောင်သီဟနှင့် အားကစားသမားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြသည်။
Jul 13,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၄၅ စင်တီမီတာခန့် လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဒေါ်ခင်လှနုထွေးထံက သိရသည်။
Jul 13,2025
ရန်ကုန်တိုင်းဒေသကြီး၊  အင်းစိန်မြို့နယ် အမှတ်(၈)အ‌‌ခြေခံပညာအထက်တန်းကျောင်း၊ ဧဝရက်ခန်းမတွင် ဇူလိုင်လ (၁၁)ရက်နေ့၊ နံနက်ပိုင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jul 13,2025
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၉ ရက်နေ့က ရင်ချင်းဆက်အမွှာကို ခွဲစိတ်မွေးဖွားခဲ့သော မိခင်အား မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ ချီးမြှင့်ငွေကျပ် (၁၀) သိန်းကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ သားဖွားမီးယပ်ဆောင်၌ ပေးအပ်ခဲ့သည်။
Jul 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရှင်သန်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်သင်တန်း(ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖျာပုံမြို့၊ အ.ထ.က(၃)မြမဉ္ဇူခန်းမတွင် ကျင်းပသည်။
Jul 13,2025
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၂၁၅၀၀၀ ပင် ဖြန့်ဝေစိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ လူထုဖြန့်ဝေစိုက်ပျိုကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၂၁၅၀၀၀ ပင် ဖြန့်ဝေစိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ လူထုဖြန့်ဝေစိုက်ပျိုးခြင်း အပါအဝင် မိုးရာသီသစ်ပင်စိုက်ပွဲ (၇) ကြိမ်ဖြင့် ပျိုးပင်ပေါင်း ၁၅၃၃၁၅ ပင် ဖြန့်ဝေစိုက်ပျိုးပြီး ဖြစ်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ မြိုင်ကလေး၊ အမှတ် (၂) ဘိလပ်မြေစက်ရုံ (တန်-၄၀၀၀) ၌ ကျင်းပသည့် ပြည်နယ်အဆင့် မိုးရာသီ (တတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။းခြင်း အပါအဝင် မိုးရာသီသစ်ပင်စိုက်ပွဲ (၇) ကြိမ်ဖြင့် ပျိုးပင်ပေါင်း ၁၅၃၃၁၅ ပင် ဖြန့်ဝေစိုက်ပျိုးပြီး ဖြစ်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ မြိုင်ကလေး၊ အမှတ် (၂) ဘိလပ်မြေစက်ရုံ (တန်-၄၀၀၀) ၌ ကျင်းပသည့် ပြည်နယ်အဆင့် မိုးရာသီ (တတိယအကြိမ်) သစ်ပင်စိုက်ပွဲမှ သိရသည်။