Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်လုံမြို့၌ Covid -19 နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Mar 16,2020
လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ယနေ့ နံနက် ၉:၀၀ နာရီက ပင်လုံအရှေ့ကျေးရွာအုပ်စု နောင်လိုင့်ကျေးရွာ၌ Covid -19 အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့နယ်ရှိ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းနှင့် မြေသားလမ်း တာချဲ့ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 16,2020
မင်းတပ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုအောက်၌ ဆောင်ရွက်လျက်ရှိသော စိချဲ့-ဘော(၃)လမ်း ၂မိုင် ကတ္တရာ ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့် အဖွဲ့၀င်များက ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ လှုပ်ရှားမှု WCRD Campaign ပြုလုပ်
Mar 16,2020
ပြည်သူတိုင်းသည်စားသုံးသူဖြစ်၍ စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးရှိကြောင်း ပိုမို ကျယ်ပြန့်စွာသိရှိစေပြီး မိမိတို့စားသုံးသူအခွင့်အရေးများကို တောင်းဆိုရယူတတ်စေရန် “ကုန်စည် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ကုန်စည် ဝန်ဆောင်မှု ရယူရာတွင် မှန်ကန်စွာရွေးချယ်တတ်စေရန် ရည်ရွယ်၍ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့လှုပ်ရှားမှု WCRD Campaign ကို ယမန်နေ့ နံနက် ၈ နာရီခွဲက လွိုင်ကော်မြို့၊ သီရိမင်္ဂလာစျေး၌ ပြုလုပ်ကျင်းသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 15,2020
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြန့်နှံ့မှု အခြေအနေကြောင့် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံဘက်သို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ဝင်ထွက်သွားလာသူများအား ထိုင်း-မြန်မာနှစ်နိုင်ငံ အဝင်/ အထွက် များ နယ်စပ်ဂိတ်များမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိစေရန် ရောဂါများ စစ်ဆေးခြင်း၊ အဖျားတိုင်းတာခြင်း၊ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Mar 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၇ နာရီတွင် ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်း ဦးဆောင်သည့် မိခင်ကလေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မာရီစတုတ် မြန်မာမှ တာဝန်ခံဆရာဝန် ဒေါက်တာသန်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးတွင် ဈေးရောင်း/ဈေးဝယ် များအား ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် လူအများမြင်သာအောင် စတေကာများ ကပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများကို ရှမ်း၊ ပအိုဝ်း၊ မြန်မာဘာသာများဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြို့နယ်စည်ပင်မှ ရေသည်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေ
Mar 15,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်း ရှိ မြို့ပေါ်ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ရေသည်ယာဉ် ၂ စီးနှင့် ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းထားသော မီးသတ်ယာဉ် ၁စီး တို့ဖြင့် ယနေ့ နံနက် ၁၀ နာရီက သောက်သုံးရေ ပြတ်လပ်နေသော အတ္တရံရပ်ကွက်၊ ရှင်စောပုရပ်ကွက်များရှိ ပြည်သူများထံအိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Mar 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၇ နာရီတွင် ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်း ဦးဆောင်သည့် မိခင်ကလေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မာရီစတုတ် မြန်မာမှ တာဝန်ခံဆရာဝန် ဒေါက်တာသန်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးတွင် ဈေးရောင်း/ဈေးဝယ် များအား ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် လူအများမြင်သာအောင် စတေကာများ ကပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများကို ရှမ်း၊ ပအိုဝ်း၊ မြန်မာဘာသာများဖြင့် အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှု ရရှိစေရေး မြို့မြေငှားဂရန် ကွင်းဆင်းစစ်ဆေး
Mar 15,2020
ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေယာအရှုပ်အရှင်းကင်းပြီး အမှုတွဲနှင့် ပြည့်စုံသော နေအိမ်များကို ပုဂ္ဂလိကမြေဂရန် ထုတ်ပေးနိုင်ရေးအတွက် မြို့မြေငှားဂရန် ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့၌ မြေပြင်တိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29701
Page
29702
Page
29703
Page
29704
Current page
29705
Page
29706
Page
29707
Page
29708
Page
29709
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department