လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

လွိုင်လင် မတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၇ နာရီတွင် ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်း ဦးဆောင်သည့် မိခင်ကလေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မာရီစတုတ် မြန်မာမှ တာဝန်ခံဆရာဝန် ဒေါက်တာသန်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးတွင် ဈေးရောင်း/ဈေးဝယ် များအား ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် လူအများမြင်သာအောင် စတေကာများ ကပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများကို ရှမ်း၊ ပအိုဝ်း၊ မြန်မာဘာသာများဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)