Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းယုမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများကို အာဟာရ၊ ဆေးဝါးနှင့် ထောက်ပံ့ကြေးများပေးအပ်
Mar 06,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူတို့အား မိုင်းယုမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ၊ မြို့မိမြို့ဖများက အာဟာရ၊ ဆေးဝါးနှင့် ထောက်ပံ့ကြေးများကို မတ် ၆ ရက်၊ နံနက် ၁၀ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၌ သွားရောက်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာအားကစားကွင်း ဖော်ဆောင်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်
Mar 06,2020
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် ကျေးရွာအားကစားကွင်း ဖော်ဆောင် နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းမရှိဘဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးအရေးယူ
Mar 06,2020
ဟိုပုံးမြို့အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို၊ မြို့မရဲစခန်းရှေ့ လမ်းဆုံ လူစည်ကားရာနေရာ၌ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းမရှိဘဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ် များအား စစ်ဆေးအရေးယူခြင်းကို ယနံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယူဆမိုဆိုကျေးရွာတွင် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Mar 06,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ ပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောက်လုပ်ခဲ့သော ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ
Mar 06,2020
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့တွင် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲနှင့် မီးဘေး အန္တရာယ် ကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၄)ရပ်ကွက် လမ်းဆုံတွင် ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့၌ မြို့ဝင်မြို့ထွက်လမ်းများတွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေး စစ်ဆေး
Mar 06,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့ဝင်မြို့ထွက်လမ်းများတွင် ကိုရိုနာ ဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နေဝင်းလှိုင်တို့မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၌ လျှပ်စစ်မီးလင်းရေးရရှိရန် ဒေသနေပြည်သူများတွေ့ဆုံပွဲပြုလုပ်
Mar 06,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အဖွဲ့မှ လာရောက်၍ ဒေသနေပြည်သူများ၏ လူမှုနေထိုင်မြှင်တင်စေရန်၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ရန်၊ လူနေမှုဘဝ အခက်အခဲလျှော့ချစေရန်၊ လျှပ်စစ်မီးလင်းရေးစီမံချက် အကျိုးသက်ရောက်မှု ရရှိစေရန် ရည်ရွယ်၍ ဒေသနေပြည်သူများ လိုအပ်လျက်ရှိသော လျှပ်စစ်မီးလင်းရေးကိစ္စရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပထမအကြိမ်ဖြင့် ဒေသနေပြည်သူများနှင့် တွေ့ဆုံပွဲကို ရှမ်းရွာသစ်မြို့ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင် အခြေခံလက်မှုပညာ သင်တန်းဖွင့်လှစ်မည်
Mar 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စျေးချိုတော် အလင်း(ငါးပြားတန်) စာကြည့်တိုက် တို့ပူးပေါင်း၍ အခြေခံလက်မှုပညာသင်တန်း အား အခမဲ့ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29592
Page
29593
Page
29594
Page
29595
Current page
29596
Page
29597
Page
29598
Page
29599
Page
29600
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department