Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းယု-ကျိန်းယဲန်းတံတား၊ ကျိန်းယဲန်းဘက်အခြမ်းကို မတ် ၂၄ ရက်နေ့ နံနက်ပိုင်းကစ၍ ဖြတ်သန်းခွင့် ယာယီပိတ်ထား
Mar 24,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်သည့် မိုင်းယုမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တင်းကြပ်စွာ ကာကွယ်နိုင်ရန်အတွက် အထူးဒေသ(၄)အဖွဲ့မှ မိုင်းယု-ကျိန်းယဲန်းတံတား၊ ကျိန်းယဲန်းဘက်အခြမ်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဝင်/ထွက်သွားလာခွင့်ကို ယာယီပိတ်လိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
COVID-19 အကြောင်း Free talk တီးတိန်၌ ပြုလုပ်
Mar 24,2020
ချင်းပြည်နယ် တီးတိန်မြို့တွင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင် ဦးဆောင်ပြီး COVID-19 အကြောင်း Free talk လွတ်လပ်စွာ ပြောဆိုဆွေးနွေးခြင်းကို ကုတင် (၁၀၀) ဆံ့ အထွထွေရောဂါကု ဆေးရုံတီးတိန်ခန်းမဆောင်၌ ယမန်နေ့ညနေ ၅ နာရီက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
Mar 24,2020
ကယားပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါ ဖြစ်ပွားလာပါက ကုသ ဆောင်ရွက်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် သီးခြားဆေးကုသ ဆောင်များ ပြင်ဆင် ဆောင်ရွက် နေမှုအား ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ၊ ကယားပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က ယနေ့နံနက် (၁၁) နာရီအချိန်က လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည်ရှုစစ်ဆေးမှုများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်နံရံကပ် စာစောင် ပြသ
Mar 24,2020
ယနေ့ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားလာပြီဖြစ်သော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ကြိုတင် သတိပြု ကာကွယ်နိုင်စေရန်နှင့် ဆောင်ရန်၊ ရှောင်ရန် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင် ကာကွယ် ရေး အသိပညာပေး မြေစိုက် နံရံကပ်စာစောင်ပြသမှုကို တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၉)နာရီခွဲက ပြသ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင် မတ် ၂၄ ယနေ့ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားလာပြီဖြစ်သော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ ကြိုတင်…
Mar 24,2020
ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ ရတနာရန်နိုင် စေတီတော်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီတွင် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေး နှင့်ပတ်သက်ပြီးချောင်းဆုံမြို့နယ်တွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်
Mar 24,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများ တွေ့ရှိ လာပါက ကြိုတင် ပြင်ဆင်မှုများအနေဖြင့် ဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တွင် ယနေ့ နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့်ပတ်သက်၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့နှင့် တာဝန်ရှိသူများက ဆွေးနွေး ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Mar 24,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်း လူအများမြင်သာသောနေရာများ၌ ယနေ့မနက်(၉)နာရီအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ပြည်သူလူထု ကျယ်ပြန့်စွာသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရေးအတွက်(၂၅ပေ×၈ပေ)အရွယ် အသိပညာပေးမြေစိုက်နံရံကပ်ဘုတ် တစ်ခုကိုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့စည်ပင်သာယာရေးအဖွဲ့တို့ကပူးပေါင်းစိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အတွက် သီးသန့်လူနာခန်းအပါအဝင် လိုအပ်သည်များ ကြိုတင်ပြင်ဆင်
Mar 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အတွက် သံဃာ့ဆေးရုံအားသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်၌ ခရိုင်ရဲမှူး ဒုရဲမှူးကြီးသက်ကိုကို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာနေဝင်းလှိုင် တို့မှ ဦးဆောင်၍ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29544
Page
29545
Page
29546
Page
29547
Current page
29548
Page
29549
Page
29550
Page
29551
Page
29552
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department