Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးကောင်းမြို့မဈေး၌ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ လက်ဆေးကြရေး ကျန်းမာရေး အသိပညာပေး
Mar 20,2020
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ လက်ဆေးကြရေး ကျန်းမာရေးအသိပညာပေးခြင်းကို လူစုလူဝေးရှိရာ မိုးကောင်း မြို့မဈေး၌ ယနေ့နံနက်(၈)နာရီတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ယာမီးရှို့ရာမှတစ်ဆင့် လူနေအိမ်(၈)လုံး မီးလောင်မှုဖြစ်ပွား
Mar 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ဝမ်ခုတ်အုပ်စု၊ နောင်ဖူကျေးရွာတွင် ယမန်နေ့၊ နေ့လယ် ၂ နာရီခန့်က လူနေအိမ်(၈)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချို၌ မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးဆွေးနွေးပွဲ ကျင်းပ
Mar 20,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျန်းမာရေးဦးစီးဌာန၊ ရွှေပုလဲအသင်းနှင့် Save The Children တို့ ပူးပေါင်း၍ မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးဆွေးနွေးပွဲ ကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်ရန် အနီးကပ်ဆုံး မိသားစုဝင်က အရေးကြီးကြောင်း၊ မသန်းစွမ်းကလေးငယ်ပေါင်း ၁၀ ရာခိုင်နှုန်းသာ ကျောင်းတက်ကြပြီး ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်ပေါင်း ၅ ရာခိုင်နှုန်းသာလျှင် အခြေခံမူလတန်းပညာရေးကို ဆုံးခန်းတိုင် သင်ယူနိုင်ကြကြောင်း၊ မသန်စွမ်းသူများအတွက် မိသားစုဝင်များ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများအနေဖြင့် ခွဲခြားဆက်ဆံခံရမှု လျော့နည်းပပျောက်စေရန်နှင့် လူမှုအသိုင်းအဝိုင်း တွင် ဝင်ဆံ့လာနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်း ကြစေလိုကြောင်း ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်
Mar 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ခရီးသွားပြည်သူများနှင့် ဒေသခံ ပြည်သူများအနေဖြင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၅နာရီခွဲက ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့ရှိ ပရိယတ္တိစာသင်တိုက်များ၌ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်(စ်) COVID-19 အကြောင်းသိကောင်းစရာများ အသိပေးပန်ကြားလျှောက်ထားခြ…
Mar 20,2020
လတ်တလောဖြစ်ပေါ်နေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်(စ်) COVID-19 သည် ကမ္ဘာ့နိုင်ငံ အများအပြားသို့ ကူးစက်ပြန့်နှံ့လျက်ရှိသည်။ သို့ဖြစ်၍ ညောင်ရွှေမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် လူစုလူဝေးများရှိသည့် နေရာများအား အသိပညာပေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် စာသင်သား
အပြည့်အစုံ ဖတ်ရန်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပြည်ပဧည့်သည်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Mar 20,2020
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ပြင်ပမှ လုပ်ငန်းကိစ္စ လာရောက်သည့် ဧည့်သည်များအား COVID-19 ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း အပူချိန်တိုင်းပေးခြင်း Hand Gel လက်သန့်စင်ဆေးရေးဖြင့် လက်သန့်စင်စေ၍ ရုံးခန်းအတွင်းသို့ ဝင်ရောက်နေမှုများကို ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးသန်းက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ အသက်(၈၅)နှစ် နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်
Mar 20,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ရီရီချို၊ အငယ်တန်းစာရေး ဒေါ်နဲမြာနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများက သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၌ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(COVID-19)ကြိုတင် ကာကွယ်ရေး အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသ
Mar 20,2020
ပြည်သူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (COVID-19) လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်နံရံကပ် စာစောင် ပြသခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29190
Page
29191
Page
29192
Page
29193
Current page
29194
Page
29195
Page
29196
Page
29197
Page
29198
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department