Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Mar 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက် ၇ နာရီတွင် ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်လင်း ဦးဆောင်သည့် မိခင်ကလေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့မကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မာရီစတုတ် မြန်မာမှ တာဝန်ခံဆရာဝန် ဒေါက်တာသန်းထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးတွင် ဈေးရောင်း/ဈေးဝယ် များအား ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် လူအများမြင်သာအောင် စတေကာများ ကပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကြေညာခြင်းများကို ရှမ်း၊ ပအိုဝ်း၊ မြန်မာဘာသာများဖြင့် အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှု ရရှိစေရေး မြို့မြေငှားဂရန် ကွင်းဆင်းစစ်ဆေး
Mar 15,2020
ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မြေယာအရှုပ်အရှင်းကင်းပြီး အမှုတွဲနှင့် ပြည့်စုံသော နေအိမ်များကို ပုဂ္ဂလိကမြေဂရန် ထုတ်ပေးနိုင်ရေးအတွက် မြို့မြေငှားဂရန် ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့၌ မြေပြင်တိုင်းတာ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့ (ချက်ပွိုင့်နယ်စပ်)၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်
Mar 15,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်ရှိ Checkpoint နေရာဟောင်း၌ ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် Dr.ခိုင်ထူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း အဖွဲ့မှ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာသူများအား ကိုယ်အပူချိန် တိုင်းတာစမ်းသပ် စစ်ဆေးဆောင်ရွက်မှုများကို ယနေ့ နံနက် ၇ နာရီ အချိန်၌ စတင်ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများစိုက်ထူ
Mar 15,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက် ပျံ့နှံ့မှုအကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနားလည်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် NGO အဖွဲ့များ ပူးပေါင်း၍ လူစည်ကားရာ နေရာများ ဖြစ်သော မြို့မဈေးကြီး၊ လှိုင်းဘွဲ-ပိုင်ကျုံလမ်းဆုံ၊ ခြံကုန်းလမ်းဆုံသို့ သွားရောက်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြို့နယ်စည်ပင်မှ ရေသည်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေ
Mar 15,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်း ရှိ မြို့ပေါ်ရပ်ကွက်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ရေသည်ယာဉ် ၂ စီးနှင့် ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းထားသော မီးသတ်ယာဉ် ၁စီး တို့ဖြင့် ယနေ့ နံနက် ၁၀ နာရီက သောက်သုံးရေ ပြတ်လပ်နေသော အတ္တရံရပ်ကွက်၊ ရှင်စောပုရပ်ကွက်များရှိ ပြည်သူများထံအိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး၊ အခြေခံမွေးမြူရေးနှင့် ကုသရေးသင်တန်းအား စုကလိမြို့၊ စခန်းသစ်ကျေးရွာတွင်ဖွင်လှစ်
Mar 15,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး နည်းပညာပေး၊ အခြေခံမွေးမြူရေးနှင့် ကုသရေးသင်တန်းဖွင့်ပွဲနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ အချိန်က စုကလိမြို့၊ စခန်းသစ်ကျေးရွာ၊ ကော့လားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော် မတ် ၁၆ ပြည်သူတိုင်းသည်စားသုံးသူဖြစ်၍ စားသုံးသူတိုင်းသည် စားသုံးသူအခွင့်အရေးရှိကြောင်း ပိုမိုကျယ်ပြန့်စွာသိရှိစေပြီး မိမိတို့စားသုံးသူအခွင့်အရေးများကိ…
Mar 15,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်ရှိ Checkpoint နေရာဟောင်း၌ ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် Dr.ခိုင်ထူးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း အဖွဲ့မှ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာသူများအား COVID 19 ကိုယ်အပူချိန် တိုင်းတာစမ်းသပ် စစ်ဆေးဆောင်ရွက်မှုများကို ယနေ့ နံနက် ၇ နာရီ အချိန်၌ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 14,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၈ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦး၊ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ဆုဝေနှင့် အဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များက (၂၀၂၀)ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် ရပ်ဝေးရပ်နီးမှလာရောက်၍ တည်းခိုနေကြသော ကျိုက်ဒုံမြို့ တိဿာရာမ စာသင်တိုက်တောင်ပေါ်ကျောင်း၊ ဇေတိကရုံ ဘုန်းကြီးကျောင်း၊ ကျိုက်မဂ္ဂီ ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံများတွင် သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာ ဗိုင်းရပ်စ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28675
Page
28676
Page
28677
Page
28678
Current page
28679
Page
28680
Page
28681
Page
28682
Page
28683
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department