Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချီဖွေမြို့ တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ အသိပညာပေးနှင့် ကျန်းမာရေး စစ်ဆေးမှုဆောင်ရွက်
Mar 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပင်စင် လစာများ ထုတ်ယူသည့် အငြိမ်းစား ဝန်ထမ်းများအား ကျန်မားရေး စစ်ဆေး ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၀နာရီက ချီဖွေမြို့နယ် မြန်မာစီးပွားရေးဘဏ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ အသိပညာပေးနှင့် ကျန်းမာရေး စမ်းသပ်စစ်ဆေး ဆောက်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးဗီနိုင်းများ စိုက်ထူ
Mar 24,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ဦးဆောင်ကာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်တားဆီးနိုင်ရေးနှင့် ပတ်သက်ပြီး မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများအားလုံးတို့တွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရန် အတွက် ကျန်းမာရေး အသိပညာပေး ဗီနိုင်းများကို ယနေ့နံနက်ပိုင်းက စတင်ပြီး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ထိုင်းနိုင်ငံမှ ပြန်လာသူများအား ကျန်းမာရေးစစ်ဆေးအသိပညာပေးခြင်း များပြုလုပ်
Mar 24,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံမှ တစ်ဆင့် နေရပ်သို့ပြန်လာကြသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်း ပါဝင်နိုင် ရေး အသိပညာပေးခြင်းတို့ကို တာဝန်ရှိသူတို့က ပူးပေါင်းပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့စီးပွားရေးဘဏ်၌ပင်စင်စားဘိုးဘွားများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးပညာပေးဆောင်ရွက်
Mar 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့က အငြိမ်းစားပင်စင် လာရောက်ထုတ်ယူသော ပင်စင်စားအဘိုးအဘွားများအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက်ပေးအပ်ထောက်ပံ့
Mar 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပရဟိတအသင်းအဖွဲ့များကို ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ စဉ်ဆက်မပြတ် ပေးအပ်ထောက်ပံ့လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ခရိုင်စုပေါင်းရုံး၌ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်ဗူးများနှင့် အဖျားတိုင်း သာမိုမီတာများ ထပ်မံပေးအပ် ထောက်ပံ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖာပွန်မြို့၌ ပင်စင်စားဝန်ထမ်းများအား ကိုယ်အပူချိန်တိုင်းခြင်း ပြုလုပ်
Mar 24,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်သောအားဖြင့် ဖာပွန်မြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းများအား လက်ဆေးရေဖြင့် စနစ်တကျလက်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းကိရိယာများဖြင့် တိုင်းတာစစ်ဆေးခြင်းကို ယမန့်နေ့က ဖာပွန်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီ BCF ဇုန်တွင်(Surgital)ပိုးသတ်ဆေးဖြန်း
Mar 24,2020
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် မြဝတီမြို့နယ်စပ်ဂိတ်များကို မတ်လ ၂၁ ရက်နေ့တွင် ပိတ်သိမ်းခဲ့ရာ ထိုင်းနိုင်ငံရှိ မြန်မာပြည်သူပြည်သားများ အဆင်ပြေစေရန်ပြန်လာနိုင်ရေးအတွက်ရည်ရွယ်ပြီး မြဝတီမြို့ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် -၂ တံတားကို မတ်လ ၂၁ ရက်နေ့မှစပြီး မတ်လ၂၃ ရက်နေ့ အထိ ဖြတ်သန်းခွင့်ပြုပြီး ဖြတ်သန်းလာသူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးအနေဖြင့် မြဝတီခရိုင်ကျန်းမာရေးဌာနအနေဖြင့် နေပြည်တော်၊ ဘားအံနှင့် ကော့ကရိတ်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အင်အားဖြည့်ပူးပေါင်းပြီး အပူချိန်တိုင်းခြင်း၊ ရောဂါစစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်စစ်ဆေးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 24,2020
ကိုရိုနာဗိုင်းရပ်စ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ အလွန် လျင်မြန်စွာ ကူးစက်တတ်သောရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသောကြောင့် အဆိုပါရောဂါ ကူးစက်ခြင်းမရှိစေရန်ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်စစ်ဆေး ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ် ပြည်သူ့ ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27727
Page
27728
Page
27729
Page
27730
Current page
27731
Page
27732
Page
27733
Page
27734
Page
27735
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department