Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Oct 03,2025
၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ဌာဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေဿကြီး သက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂုဏ်ပြုခံ ဘိုးဘွားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Oct 03,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူ နည်းပညာပေး ဆွေးနွေးပွဲတက်ရောက်
Oct 03,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောက်တိုဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ သရက်ခုံ ကျေးရွာ၊ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)ခန်းမ၌ ကျင်းပသည့် သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိစေရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲကို တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီးရဲ့ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ
Oct 03,2025
မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီးရဲ့ (၂၅၈၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၁) ရက်နေ့ နံနက်ပိုင်းက စေတီတော်ရင်ပြင်တော်ပေါ်ရှိ မဟာဝိဇယံသီတန်ဆောင်း၌ ကျင်းပရာ မကွေးမြို့၊ ကန်ဦးရတနာကျောင်းတိုက်၏ ပဓာနနာယက မြသလွန်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသုမင်္ဂလမှ သာသနာ့အလံတော်အား အလံတိုင်ထိပ်သိုလွှင့်တင်ပေးတော်မူကာ ဆရာတော်၊ သံဃာတော်များက ဇယန္တော (၂) ဂါထာတော်ကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Oct 03,2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး အလှူတော်ငွေပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
Oct 03,2025
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားရင်ပြင်တော်ပေါ်၌ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက်ပိုင်းက ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်း၌ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနား ကျင်းပ…
Oct 03,2025
မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၅ ခုနှစ်၊ ဝါတွင်းကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ(ဖွင့်ပွဲ) အခမ်းအနားကို အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်၊ မြောက်ဘက်မုခ်၊ ချမ်းသာကြီးတန်ဆောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်မျာ…
Oct 03,2025
မကွေးတိုင်းဒေသကြီး(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို)အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာမကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
265
Page
266
Page
267
Page
268
Current page
269
Page
270
Page
271
Page
272
Page
273
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department