အမြို့မြို့အနယ်နယ်သတင်းများ

Oct 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်တွင် မော်တော်ယာဥ်နှင့် လမ်းသွားလမ်းလာများ အဆင်ပြေချောမွေ့စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ သင်္ဃန်းကျွန်းမြို့နယ်တွင် အဖွဲ့များခွဲကာ လမ်းမီးတိုင်စိုက်ထူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Oct 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဖွင့်လှစ်ထားသော ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကပ်၍ ကြေညာထားရှိမှုအား ရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲဆန္ဒရှင်ပြည်သူများမှ မဲစာရင်းများ လာရောက်ကြည့်ရှုမှုအပေါ် တာဝန်ရှိသူများမှ စက်တင်ဘာ ၃၀ ရက်နေ့နံနက် ၁၀နာရီက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်များအလိုက် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီအချိန်က စတင်ခဲ့ကြောင်း သိရသည်။
Oct 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆက်လက် ကပ်ထားကြေညာထားကြောင်း သိရသည်။
Oct 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်က (၁၂) ရပ်ကွက်၊ အောင်ဓမ္မရိပ်သာလမ်း၊ လှိုင်မင်္ဂလာခန်းမ၌ ရပ်ကွက်နေပြည်သူများအား(အခမဲ့)ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
Oct 03,2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားရာ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် တာဝန်ရှိသူများသည် ရွာကောက်ရပ်ကွက်၌ ပြည်သူများ မဲဆန္ဒရှင်စာရင်းလာရောက် ကြည့်ရှုနေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
Oct 03,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်၊ ဖြူးဘိုးဘွားရိပ်သာတွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို အောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁) နာရီက အဆိုပါ ဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Oct 03,2025
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ရပ်ကွက်များအလိုက် ပထမအကြိမ်ကပ်ထားကြေညာခြင်းကို အောက်တိုဘာ ၃ ရက်နေ့နံနက် ၇ နာရီ အချိန်မှစတင်ကာ ဆက်လက်ကပ်ထားကြေညာထားကြောင်း သိရသည်။