ချမ်းမြသာစည်မြို့နယ်၌ ၃၃/၁၁ ကေဗွီချီပါဓာတ်အားခွဲရုံတွင် မူလတပ်ဆင်ထားသော  20 MVA Transformerအား ဝန်အားတိုးမြှင့်ဆောင်ရွက်

ချမ်းမြသာစည်  မေ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ၃၃/၁၁ ကေဗွီချီပါဓာတ်အားခွဲရုံတွင် မူလတပ်ဆင်ထား ရှိတော့ 20 MVA Transformer မှ ဝန်အားတိုးမြှင့်၍ နောက်ထပ် 10 MVA Transformer အသစ်တစ်လုံးဝန်အားတိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ် ၂နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ (10+20)MVA Transformer ဝန်အားတိုးမြှင့်ဆောင်ရွက်ခဲ့သဖြင့် ချီပါဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော တမ္မဝတီရပ်ကွက်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ သံလျှက်မော် တောင်ရပ်ကွက်၊ ချမ်းမြသာစည်တောင်ရပ်ကွက်နေ ပြည်သူမျာအနေဖြင့် ယခင်ထက် လျှပ်စစ်ဓာတ်အားကို ပိုမိုပြည့်ဝစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)