အမြို့မြို့အနယ်နယ်သတင်းများ

Jun 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက်(၈)နာရီက ရွှေသမင်ကာကွယ်တောအတွင်းရှိ မြေကွက်လပ်တွင် ပြုလုပ်ခဲ့သည်။
Jun 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြင်းစိုင်းခန်းမတွင် ယနေ့ နံနက်(၉)နာရီခွဲက ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်နိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ မှ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာ ပိုးတွေ့လူနာ(၂၁)ဦးရှိကြောင်း သိရှိရသည်။
Jun 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက် ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နံရံကပ် စာစောင် ဓါတ်ပုံပြပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများသို့ သွားရောက်ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။
Jun 26,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်း တစ်ရပ်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် Hospital Quarantine ထားရှိရန် ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၁ နာရီခန့်က စတင်ဆောင်ရွက်ခဲ့သည်။
Jun 26,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ ပိုမိုထိရောက်စေရန် ရည်ရွယ်၍ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ အများပြည်သူ အမျိုးသား(၂၃၆)ဦးနှင့် အမျိုးသမီး(၁၉၄)ဦး၊ စုစုပေါင်း(၄၃၀) ဦးတို့အား  ကိုဗစ် -၁၉ ရောဂါ ပိုးရှိ/မရှိစစ်ဆေးနိုင်ရန်အတွက် ဓါတ်ခွဲ နမူနာ Swab များရယူခြင်းကို ယနေ့၊ နံနက်(၉)နာရီက ကိုးကန့်စာသင်ကျောင်းဝန်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jun 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ သစ်တောဦးစီးဌာနနှင့် မြေပုံမြို့နယ် CSO အဖွဲ့များ ပူးပေါင်းဆောင်ရွက်သော ၂၀၂၁ ခုနှစ်၊ မိုးရာသီလူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်တွင် မြို့မပန်းခြံအတွင်း၌ သစ်ပင်စိုက်ပွဲပြုလုပ်၍ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးသည်။
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မြို့မစျေးကြီး၌ ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှယနေ့ နံနက် ၇ နာရီက စတင်စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Jun 26,2021
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာ စေရန်နှင့် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အမျိုးသား(၃)ယောက်တွဲ အလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပခဲ့သည်။