အမြို့မြို့အနယ်နယ်သတင်းများ

May 13,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီ က မြို့နယ်ပြည်သူ့ဆေးရုံ၊ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
May 13,2026
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်အဖွဲ့သည် ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ သစ်စိမ်းမြဩဇာ (ပိုက်ဆံလျှော်) ကြဲပတ်ခြင်းနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision တို့ပူးပေါင်း၍ AI နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
May 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ ကွင်းအမှတ်(၁၀၁၄/က)၊ ဦးပိုင်အမှတ်(၁က/၂)ရှိ တောင်သူ ဦးခင်မောင်ရီ၏ လယ်မြေ(၅)ဧကတွင် ယနေ့ နံနက် ၈ နာရီခွဲက သဘာဝမြေဩဇာ (EM ဘိုကာရှီ) ပြုလုပ်နည်း သရုပ်ပြခြင်း၊ ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်ခြင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
May 13,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းဖွင့်လှစ်သည့် စာစီ စာကုံးရေးသားနည်း(အခမဲ့) သင်တန်းဖွင့်ပွဲကို မေ ၁၂ ရက် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
May 13,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက်ဆောင်ရွက်မည့်တောင်သူများအား သီးနှံမျိုးစေ့များထောက်ပံ့ခြင်းကို‌ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 13,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့ ရက်ပေါင်း (၁၀၀) စီမံချက်ကာလအတွင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ (ရွှေတောင်) မှဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
May 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား ကျန်းမာ ရေးစောင့်ရှောက်မှုအနေဖြင့် လိုအပ်သည့် ဆေးဝါးများကုသပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ မြို့နယ်ဒေသန္တရဆေးပေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။