အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားလျက်ရှိရာ ၆.၆.၂၀၂၁ မှ ၁၃.၇.၂၀၂၁ ရက်နေ့ထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြုလူနာ ပေါင်းမှာ(၂၁၅)ဦးထိရှိလာခဲ့ကြောင်း၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၁၀၁)ဦး ရှိပြီး ဆေးကုသမှုခံယူနေသူ(၁၁၄)ဦးရှိကြောင်းနှင့် ကိုဗစ်ရောဂါကြောင့်သေဆုံးသူ(၃)ဦးရှိပြီဖြစ်
Jul 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ အနေဖြင့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ က မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် လက်တလောဖြစ်ပေါ်လျှက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက် နေ့လည် ၁၀ နာရီခွဲ က မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ် (Take Away) ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့ပေါ်ရှိ Facilities Quarantine Centre တွင် Quarantine ဝင်ရောက်နေသူများကို ယမန်နေ့ နံနက်ပိုင်းက အစားအသောက်များ လှူဒါန်း ခဲ့ကြောင်း သိရသည်။
Jul 13,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသည် နန်းလိုင် လွှဲဆည်ရေနှင့် ဒေါင်းမြူးချောင်းရေတို့ကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြပြီး ယခုနှစ်တွင်လည်း ဖူးစားပြောင်း များကို စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်း ရရှိရန် မျှော်လင့် လျက်ရှိနေကြကြောင်း ဝန်းသိုမြို့နယ်၊ ကျိုင်းခွင်ကျေးရွာရှိ ဖူးစားပြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
Jul 13,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ အများပြည်သူနှင့်ဆိုင်သောနေရာများနှင့် လမ်းဘေးဆိုင်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 13,2021
မကွေးတိုင်းဒေသကြီး ၊ မြိို့သစ်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာသစ် (၂၃)ဦး ထပ်တိုးတွေ့ ရှိကြောင်း​ ယမန်နေ့နေ့လည်(၁၂)နာရီအချိန် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ စစ်ဆေးထုတ်ပြန်ချက်အရ သိရသည်။
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် Facilities Quarantine Centre တွင်ရှိသော သူများအား စိတ်အပန်းပြေ စေရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အကများ ဖြင့် ယမန်နေ့ နံနက်ပိုင်းက ကပြခဲ့ကြောင်း သိရသည်။