အမြို့မြို့အနယ်နယ်သတင်းများ

Jul 26,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ မြိုနယ် ကိုဗစ် ၁၉ရောဂါကာကွယ် တိုက်ဖျက်ရေး အထောက် အကူပြုနှင့် Oxygen Plant ဖြစ်မြောက်ရေး ကော်မတီမှOxygen Plant ဆောက်လုပ် မည့် မြေနေရာဖြစ်သော လောကထိပ်ပန ဘုရားကြီးအောက်တွင် မြေသန့်မင်္ဂလာပြုလုပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီကပြုလုပ်ခဲ့သည်။ အခမ်းအနား တွင်မြို့နယ် သံဃာနာယ က ဥက္ကဋ္ဌမနော်သီရိဆရာတော်နှင့် ဆရာတော် သံဃာတော်အရှင်သူမြတ် (၁၈)ပါးတို့က အန္တရာယ်ကင်း ပရိတ်တရား တော်များကို ရွတ်ဖတ်ခဲ့ကြသည်။
Jul 26,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးနှင့် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကိူဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယနေ့ နံနက်(၁၀)နာရီက အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိူးဆော်ကြောင်းသိရသည်။
Jul 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ်၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း ( Mask ) တပ် ဆင်စေရေး အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခန့်က မြို့မစည်ပင်သာယာစျေးရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထဲမှ လူနာ ( ၇ )ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည့်အတွက် ဇူလိုင် ၂၅ ရက်နေ့က ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Jul 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်တွင် ဒုတိယအကြိမ်အဖြစ် ကျွန်းစုမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ ၂၄ ရက်နှင့် ၂၅ ရက် (၂) ရက် ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူလူထု အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့နှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။
Jul 26,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့လယ်မီးပွိုင့်လမ်းဆုံ အနီးပြည်ထောင်စုလမ်းမကြီးပေါ်နှင့် မြို့မစည်ပင်သာယာဈေးတို့တွင် Mask Campaign ပြုလုပ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။