အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ (၇)ရက်နေ့အထိ စုစုပေါင်း ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ (၆၀၉၃) ဦးရှိကြောင်း သိရသည်။
Sep 09,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများသို့ လာရောက်ခိုလှုံရန်ရောက်နေကြသော အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၈ နာရီက သတ်မှတ်စု ရပ်(၅)နေရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
Sep 08,2021
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက် ရေရရှိရေး လုပ်ငန်းများ ဖြစ်သော မြေသားရေကန်တူးဖော်မှုလုပ်ငန်း ပြီးစီးမှုအခြေအနေများကို စက်တင်ဘာ(၈)ရက်နေ့ နံနက်ပိုင်းက ညောင်ဦးခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ငါးသိုင်းချောင်းမြို့၊ ငဝန်ရေကာတာရှိ ဗောဓိရေကင်းစခန်းသို့ ယနေ့နံနက်ပိုင်းကရောက်ရှိခဲ့ပြီး မြစ်ရေအခြေအ‌နေ၊ ရေကာတာ ကြံ့ခိုင်မှုအခြေအနေနှင့် ရေဘေး ကြိုတင်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ သည်။
Sep 08,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဦးကျေးရွာနှင့် လသာ ကျေးရွာများရှိ ပြည်သူများအား ယနေ့နံနက် ၉ နာရီ အချိန်က သတ်မှတ်စုရပ်နေရာများတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Sep 08,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုးနဲ မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လတာအတွက် အရပ်ရပ် အခွင့်အရေး လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း၊ စိစစ်ရောင်းချခြင်းနှင့် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်စနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်က‌ မ္ဘောဇခန်းမတွင် ပြုလုပ်ခဲ့သည်။
Sep 08,2021
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။