Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အိမ်မဲမြို့နယ်တွင် ရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
Sep 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ရှင်ပင်ချမ်းသာကြီးဘုရားရှေ့ အိမ်မဲချောင်းအတွင်း၌ ရေဘေးအန္တရာယ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေး ဇတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် (၈)နာရီ အချိန်ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် လူဦးရေ( ၆၀၉၃ ) ဦးတို့အား ထိုးနှံပြီးစီး
Sep 09,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ (၇)ရက်နေ့အထိ စုစုပေါင်း ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ (၆၀၉၃) ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၈၀၀ ဦးအထိ ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၈၄ ဦးရှိ
Sep 09,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များက နေ့စဉ် မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်ပြီး အခမဲ့ ရှာဖွေစစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၈၀၀ အထိ ရှိပြီဖြစ်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၆၈၄ ဦး ရှိကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် နေသွားချင်၍ ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြစ်
Sep 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ လားဟူတိုင်းရင်းသားများနှင့် လွယ်လတိုင်းရင်းသားများ နေထိုင်သည့် ပန်ဆောင်ကျေးရွာနှင့် ဝမ်အွိုက်ကျေးရွာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီက သတ်မှတ်ဆေးထိုးစုရပ်နေရာဖြစ်သည့် ပန်ဆောင်ကျေးရွာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းဟောင်းတွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကျေးရွာအရောက် ကာကွယ်ဆေးကွင်းဆင်းထိုးနှံပေးရာတွင် ဒေသခံပြည်သူတစ်ဦးက “ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် နေသွားချင်၍” ကာကွယ်ဆေးလာရောက်ထိုးနှံခြင်းဖြစ်ကြောင်း ရင်ဖွင့်ပြောပြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ရဟန်းသံဃာများ သက်ကြီးဘိုးဘွားများနှင့် သတ်မှတ်အုပ်စုဝင် လူပုဂ္ဂိုလ်များအား ဆက်လက်…
Sep 09,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်း ကို၊ ရဟန်းသံဃာများ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပြင်၊ သတ်မှတ်အုပ်စုဝင်ဖြစ်သည့် လူပုဂ္ဂိုလ်များ ကိုပါ ဆက်လက်ထိုးနှံပေးလျှက်ရှိရာ၊ စက်တင်ဘာ(၈)ရက်နေ့က လူဦးရေစုစုပေါင်း(၁၂၃၀)ဦးထိုးနှံခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်းတစ်ဦးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Sep 09,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ (၇.၈.၂၀၂၁)ရက်နေ့ နှင့်(၈.၈.၂၀၂၁)ရက်နေ့တို့ တွင် ပထမအကြိမ် ဆေးထိုးနှံပြီး သည့် အသက်(၆၅)နှစ် အထက်သက်ကြီးရွယ် အိုဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း(၄၃၅)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့၊ ကြက်ခြေနီနှင့် မီသတ်တပ်ဖွဲ့တို့မှပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအားဆောင်ရွက်ပေး လျက်ရှိကြောင်း လှိုင်မြို့နယ် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေသည့် အသက် ၆၅ နှစ်အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Sep 09,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDPs စခန်းတွင် ခိုလှုံနေကြသည့် အသက် ၆၅ နှစ် အထက်ရှိပြည်သူများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါခိုလှုံရာ စခန်းသို့သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဒုတိယအကြိမ်မြောက် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရွှေညောင် ရပ်စောက်-အင်တော-ကျောက်ဂူ-နောင်ချိုလမ်း ဆောင်ရွက်နေမှုအားကြည့်ရှု
Sep 09,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်(၁၂)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင် ရပ်စောက်-အင်တော-ကျောက်ဂူ-တောင်ခမ်း-နောင်ချိုလမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရွှေညောင်-အင်တော-ကျောက်ဂူ-တောင်ခမ်း-နောင်ချိုလမ်းမိုင် အရှည်မိုင်(၁၁၄/ ၂.၅-၁၄၃/၇.၅=၂ ၉မိုင်၅ဖာလုံ) လမ်းအကျယ်(၁၈)ပေ (၁၈/၅)
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25797
Page
25798
Page
25799
Page
25800
Current page
25801
Page
25802
Page
25803
Page
25804
Page
25805
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department