Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒေးဒရဲမြို့၌ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေး စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ရှောင်တခင်စစ်ဆေး
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ယမန်နေ့ နံနက် ၁၁ နာရီက ရှောင်တခင် စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ပထမအကြိမ်မဲစာရင်းကြေညာထားမှုနှင့် နိုင်ငံသား စိစစ် ရေးကတ်ပြားရရှိရေး ဆောင်ရွက်နေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က…
Aug 13,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များစာရင်းကြေညာထားရှိမှု နှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ များ အားကတ်ပြားရရှိရေးဆောင်ရွက်နေမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက် ကွင်းဆင်းငှားရမ်း
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်၀န်ထမ်းများသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ၀န်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်ကို ယမန်နေ့နံနက် ၁၀ နာရီက ရမည်းသင်းမြို့ အကျဉ်းဦးစီးဌာနနှင့် ခရိုင်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနတို့ကို ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးချိန် ထွန်စက်အငှါးလိုက်သူများအနေဖြင့် စီးပွားရေးတွက်ခြေကိုက်ကာ မိသားစုဘဝများအဆင်ပြေလျက်ရှိ
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မိုးစပါးများစိုက်ပျိုးချိန်တွင် ထွန်စက်အငှါးလိုက်သူများအနေဖြင့် စက်ငှါးသူပေါများလာခြင်းကြောင့် ဝင်ငွေများရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်/ကျေးရွာအသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်စာရင်းကပ်ထားမှုအခြေအနေများအား သွားရောက်ကြည့်ရှု
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတွင် ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းများတိကျမှန်ကန်စေရေးဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်စာရင်းအနေခြေအနေများကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးအောင်ကျော်စိုး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစံနော်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့် ၌လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေး
Aug 13,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ထုတ်ပေး ထားသော လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 13,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၈) နာရီ အချိန်မှ ၁၀ နာရီအထိ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား အသိပညာပေးလက်ကမ်းစာစောင်များကို မြစ်သားစျေးနှင့်ကူမဲစျေးတို့တွင် စျေးရောင်းစျေးဝယ်ပြည်သူများ လက်ဝယ်အရောက်ပေးဝေခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ CERP အစီအစဉ်အရ ကျေးရွာများတွင် သင်တန်းများဖွင့်လှစ်
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေး သင်တန်း များဖြစ်သည့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းနှင့် ကျွဲ/နွား မွေးမြူထုတ်လုပ်သင်တန်းများကို ယမန်နေ့ နံနက်(၉) နာရီ အချိန် က ပန်မိတ်ကျေးရွာနှင့် နမ့်ရမ်းကျေးရွာတို့တွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25761
Page
25762
Page
25763
Page
25764
Current page
25765
Page
25766
Page
25767
Page
25768
Page
25769
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department