တောင်ဥက္ကလာပမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များ လှည့်လည်ရောင်းချ

တောင်ဥက္ကလာပ    စက်တင်ဘာ ၁၀

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိကစားသောက်ကုန်များကို သက်သာသောစျေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ဆီ၊ကြက်ဥစားသောက်ကုန်ပစ္စည်းများ လှည့်လည် ရောင်းချခြင်းကို ယမန်နေ့နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ သုမင်္ဂလာပန်းခြံ ရှေ့နှင့် အမှတ်(၁၁)ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းနေရာများတွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်း၏ အစီအစဉ်ဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဝန်ထမ်းများပူးပေါင်း၍ လာရောက်ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါစျေးရောင်းချရာတွင် ဒေသခံပြည်သူများစျေးနှုန်း သက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း (၅)ပြည့်တစ်အိတ်လျှင်(၅၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ဆန်ချော(၅)ပြည့် တစ်အိတ်လျှင်၈၅၀၀ကျပ် ဖြင့် လည်းကောင်း၊ ဆီတစ်ဘူး လျှင်(၁၈၅၀)ကျပ်နှင့်ကြက်ဥ(၁၀)လုံး တစ်ကတ် လျှင်(၁၂၀၀)ကျပ်စျေးနှုန်းဖြစ် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါစျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)