အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့တွင် ယမန်နေ့ ညနေပိုင်းက နောင်ချိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး အတွက် ပစ္စည်းများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။
Sep 09,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်စုအုပ်စု၊ ကျောင်းကုန်း ကျေးရွာ၌ တည်ထား ကိုးကွယ်လျက်ရှိသော နှစ်ပေါင်း ၁၀၀ကျော်ရှိ ကိုးတောင်ပြည့်စေတီတော်သည် ယမန်နေ့ နံနက်ပိုင်းက ကမ်းပြိုဘေးသင့်၍ ပြိုကျ ပျက်စီးသွားကြောင်း အဆိုပါကျေးရွာနေ ပြည်သူများထံမှ သိရသည်။
Sep 09,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌(၂၀၂၀-၂၀၂၁)ဘဏ္ဍာ ရေးနှစ်အသက် (၈၅)နှစ် အထက်သက်ကြီး ဘိုးဘွားများကို တတိယကြိမ် လူမှု​ရေးပင်စင်​ထောက်ပံ့​ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃နာရီချိန်က ကော့ကရိတ် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်​ကြောင်း သိရသည်။
Sep 09,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ၁၃ရွာတွင်  ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေ ကျပ်သိန်း(၁၃၀၀)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာနမှ သိရသည်။
Sep 09,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိအသက်(၆၅)နှစ်နှင့်အထက် ဒေသခံ ပြည်သူများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား စက်တင်ဘာ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို အ-ထ-က၊ မင်းကုန်းတွင် ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသူများအား ယနေ့နံနက်(၉)နာရီမှ စတင်၍ အမှတ်(၁၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 09,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဌာနီရှေ့နယ် လုံးဆိုင်ရာ လူမှုကူညီရေးအသင်းသို့ အလှူရှင် မိသားစုက လူနာတင် ယာဉ်တစ်စီးလှူဒါန်းခြင်းကို ယနေ့နံနက်၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်၊ ၉လမ်း၊၇၆လမ်းနှင့် ၇၇လမ်းကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့၌ ပြုလုပ်သည်။
Sep 09,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ဝင်များသည် နောင်ချိုမြို့ သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းသို့ ယမန် နေ့လယ် ၁ နာရီအချိန်က ရောက်ရှိကာ ကိုဗစ် -၁၉ရောဂါကုသရေး စင်တာ အတွက် အလှူငွေများနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
Sep 09,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။