အမြို့မြို့အနယ်နယ်သတင်းများ

Sep 09,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ၁၃ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေ ကျပ်သိန်း (၁၃၀၀)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဌာနမှ သိရသည်။
Sep 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နေ ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြရာ ၂၀၂၁-၂၀၂၂ ခုနှစ်၌ မိုးစပါးဧကပေါင်း ၁၃၃၇၅ ဧက စိုက်ပျိုးပြီးစီးထားကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
Sep 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ပင်းတယမြို့နယ် ၊ ဈေးတန်းရပ်ကွက်ရှိ မဟာရန်အောင်ပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးနေထိုင်တော်မူသော သံဃာတော်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က အဆိုပါဘုန်းတော်ကြီးကျောင်းရှိ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ စစ်ဆေးပေးလျက်ရှိသည်။
Sep 09,2021
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် (၈)နာရီ အချိန်က စက်တင်ဘာ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး နေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Sep 09,2021
(၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်ဖြစ် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှိ ဆရာတော်၏ ရုပ်ထုအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ က ယနေ့နံနက် ၇ နာရီတွင် ဂါရဝပြု၊လွမ်းသူပန်းခွေချကန်တော့ကြသည်။
Sep 09,2021
ပဲခူးမြို့ရှိ သမိန်ဗရမ်းလမ်း၊ ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်း သို့ ဆက်သွယ်ထားသော လမ်းတွင်ရှိသည့် ပဲခူးမြို့ကျုံးကူးတံတားအား တည်ဆောက်လျက်ရှိရာ ၉၆ရာခိုင်နှုန်းပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။
Sep 09,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကုသရေးအ လှူငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
Sep 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့ နယ်သို့ ကုန်ပစ္စည်း ကုန်တန်ချိန် (၂၈) ကီလိုဂရမ်နှင့် ခရီးသည် (၃၀)ဦး တင်ဆောင်လာသော တပ်မတော်ပိုင် လေယာဉ်သည် ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ တပ်မတော်ပိုင် လေဆိပ်မှ ထွက်ခွာလာရာ ကိုကိုးကျွန်း လေဆိပ်သို့ နံနက်(၉) နာရီအချိန် တွင် ရောက်ရှိခဲ့သည်။