Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ထန်းတပင်မြို့နယ်တွင် ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးနှံပြီး (၆) လပြည့် ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး
May 05,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုများကို ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီး (၆) လပြည့်ပြီး သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကာကွယ်ဆေး နှစ်ကြိမ်ပြည့်ထိုးနှံပြီး (၆) လပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ဆက်လက်၍ ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာ့နိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အဖြစ် ဆရာတော်သံဃာတော်များအား ဆွမ်းနှင့်လှုဖွယ်ပစွည်းများ ဆက်ကပ်လှုဒါ…
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မေလ(၅) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်(၅)နာရီခွဲအချိန်က ဆရာတော်သံဃာတော်များကို ဆွမ်းနှင့်လှုဖွယ်ပစ္စည်းများ ဆက်ကပ် လှုဒါန်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေးထောက်ပံ့ငွေနှင့် ပစ္စည်များ ပေးအပ်
May 05,2022
ကျောက်ဆည်ရိုင်၊ တံတားဦးမြို့နယ်တွင် လေဘေးတိုက်ခတ်မှုကြောင့် အမိုးလန်သည့်အိမ်များ၊ ပြိုကျပျက်စီးသည့် အိမ်များအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေနှင့် ပစ္စည်းများအတွက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားပြုလုပ်
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စိုက်ပျိုးရေးဦးစီး ဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲ ကွင်းတွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျောက်ချောင်းကျေးရွာအုပ်စု၊ ကျောက်ချောင်းကျေးရွာ တောင်သူ ဦးအောင်မြင့်၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက်
May 05,2022
(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်မီးသတ်စခန်း၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူနှင့် အရာရှိများ၊ အငြိမ်းစားမီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၂၂၀) ဦးတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ကျက်စားလျက်ရှိပြီး ငှက်များ ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်ကျက်စားလျက်ရှိ
May 05,2022
မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည်နှင့်အညီ ယင်းတို့ရေရှည် တည်တံ့စေရန်နှင့် သဘာဝဂေဟစနစ်များ အမြဲရှင်သန်ကောင်းမွန်စေရန် မူဝါဒဥပဒေများ ပြဌာန်း၍ ထိန်းသိမ်းကာကွယ် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်နှင့် ကောလင်းမြို့နယ်ရှိ ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် အင်တိုင်းတောဂေဟစနစ် အတွင်း ကျရောက်ရှင်သန်ကျက်စားလျက်ရှိသော ဌာနေငှက်မျိုးစိတ်များ ရာသီအလိုက် ပြောင်းရွှေ့ ကျက်စားတတ်သော ဆောင်းခိုငှက်မျိုးစိတ်များအပါအဝင် ဌာနေဇီဝမျိုးစုံမျိုကွဲများနှင့် မြန်မာ့ရွှေသမင်များကို အဓိကထိန်းသိမ်း ကာကွယ် လျက်ရှိသော သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဓနုဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက လှိုင်ထိပ်ထားဗိမာန်တော်တွင် စုပေါင်းသန့်ရှင်းရေး…
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ အစိုးရပါဠိပထမပြန် စာမေးပွဲ ကျင်းပပြုလုပ်မည့် လှိုင်ထိပ်ထားဗိမာန်တော်တွင် ယမန်နေ့၊ မွန်းလွဲ(၃)နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြို ဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငွေကျပ် သိန်း(၁၅၀၀)ကျော်တန်ဖိုးရှိ လူနာယာဉ် (၁)စီးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းမှုကို လ…
May 05,2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်ဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ လှူဒါန်းသည့် မြန်မာငွေကျပ်သိန်း(၁၅၀၀)ကျော် (တရုတ်ယွမ်ငွေ ၅၁၅၃၆၀)တန်ဖိုးရှိ လူနာတင်ယာဉ်တစ်စီးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ပြီး ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17546
Page
17547
Page
17548
Page
17549
Current page
17550
Page
17551
Page
17552
Page
17553
Page
17554
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department