အမြို့မြို့အနယ်နယ်သတင်းများ

Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌  တရားဝင် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းရောင်းချမှု ရှိ/ မရှိ ပူးပေါင်းစစ်ဆေးခြင်းကို  ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များ၊ မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ၊ တယ်လီဖုန်း အရောင်းဆိုင်များနှင့် ယစ်မျိုးလိုင်စင်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
Jun 12,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ခေါင်းဖြူကျေးရွာအုပ်စု၊ ကံသာကျေးရွာ အ.ထ.က(ကံသာ)ကျောင်းတွင် ယနေ့ နံနက် (၈)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေသြဇာ အစားထိုးအသုံပြုစေရန်အတွက် အီးအမ်ဘိုကာရှီမြေဆွေး ပုံပြုလုပ်သုံးစွဲနည်းများ တောင်သူပညာပေး သင်တန်းနှင့်လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
Jun 12,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူလူထုများအနေနှင့် သဘဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ၊ ဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ကမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ကမာကေးကျေးရွာ မူကြိုကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
Jun 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ၊
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာအုပ်စု၊ စိမ့်ကွင်း ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခွဲအချိန်က လေပွေလေပြင်းတိုက်ခတ်မှုကြောင့် အခြေခံပညာမူလတန်းကျောင်း တစ်ထပ် အုပ်ညှပ်ဆောင်၏ သွပ်မိုး၊ ဒိုင်းတန်းများ လွင့်စင်ပြုတ်ထွက် ပျက်စီး ခဲ့ရသည်။
Jun 12,2022
စာရေးဆရာ ဗိုလ်ရှိတ်(ရတနာပူရ)ရေးသားသော မဟာမင်္ဂလာစေတီတော် သမိုင်းစာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက တံတားဦးမြို့  အမှတ်(၂)ရပ်ကွက်ရှိ သမိုင်းဝင် မဟာမင်္ဂလာ စေတီဘုရားကြီး၏ အာရုံခံစောင်းတန်းအတွင်း၌ ကျင်းပကြောင်းသိရသည်။