အမြို့မြို့အနယ်နယ်သတင်းများ

Jun 12,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကျိန္တလီမြို့ အ-မ-က သဖန်းကွင်းကျောင်းတွင် ကျင်းပသည်။
Jun 12,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီဒီရေတောသစ်ပင်စိုက်ပွဲကို ယနေ့ နံနက်ပိုင်းက ရမ်းဗြဲမြို့နယ် ဝန်ဖိုက်ဒီရေတော၊ ဝန်ဖိုက်သစ်တောကြိုးဝိုင်း အကွက် အမှတ်(၁)နှင့် အကွက်အမှတ်(၄၃) တို့တွင် ပြုလုပ်ခဲ့ကြသည်။
Jun 12,2022
ဧရာဝတီတိုင်း​​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ နံနက်(၈)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်မှုဖြင့် ရပ်ကွက်နှင့်​ကျေးရွာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 12,2022
ပြည်သူများ အားလပ်အချိန်များတွင် စိတ်အေးချမ်းသာစွာဖြင့် လာရောက်အပန်းဖြေနိုင်စေရေး၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး၊ သဘာပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့ချနိုင်စေရန်အတွက် မုံရွာမြို့၊ ကန်သာယာအနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန်ရှင်းသာယာ လှပရေးလုပ်ငန်းခွင်သို့ ဇွန်လ (၁၁)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရေဝင်ဧရိယာလျော့နည်းလာသည့် ကန်သာယာအနောက်ဘက်ကန်အား အနက် - ၄ ပေ ထပ်မံတူးခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်ရန်အတွက် ကန်သာယာပတ်လမ်းအား အကျယ်ပေ ၃၀ ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
Jun 12,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ၃၆၆ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Jun 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် ရပ်ကွက်ပေါင်းစုံ ဖူဆယ်အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်တက္ကသိုလ် အမျိုးသားအားကစားရုံ၊
Jun 12,2022
ကရင်ပြည်နယ် ​ကေ့ကရိတ်ခရိုင်၊ ​​ကော့ကရိတ်မြို့နယ်၊ စည်ပင်သာယာ​ရေးရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင်ကျောင်းသုံးပစ္စည်းများ ​ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။