Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုလောမြို့တွင် မိသားစု တစ်ပိုင်တစ်နိုင် စူပါကျောက်စိမ်းပန်း စိုက်ပျိုး၍ စီးပွားရေးအဆင်ပြေ
Nov 04,2022
ပုလောမြို့၌ မိသားစု တစ်ပိုင်တစ်နိုင် စူပါကျောက်စိမ်းပန်း စိုက်ပျိုး၍ မိသားစု စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေး
Nov 04,2022
စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရေးကို မျှော်တွေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုလောမြို့နယ်ရုံးမှ ယမန်နေ့နံနက် ၁၀ နာရီခွဲ၌ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကိုသွားရောက်၍ သုတ/ရသ စာအုပ်စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 04,2022
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် တက်ရောက်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်သင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲ အထိမ်းအမှတ် မူလတန်းဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့၊ မဲလရောကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူ(၁၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ
Nov 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မဲလရောကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့ဒေါင့်ချောင်း စစ်ဆေးရေးဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ယာဉ်များ ပိတ်ဆို့မှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်
Nov 04,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ဂွ-ငါသိုင်းချောင်း လမ်းပေါ်ရှိ ဒေါင့်ချောင်း စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ညနေပိုင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ပူးပေါင်းရေးအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာ လှည့်လည် ပူဇော်
Nov 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ သည့် ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲ ကို ယမန်နေ့မွန်းလွဲပိုင်းတွင် မိုင်းယောင်းမြို့အတွင်း စည်ကားသိုက်မြိုက်စွာ လှည့်လည် ပူဇော်ခံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Nov 04,2022
အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ စီမံခန့်ခွဲရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ ပညာရေးကဏ္ဍ၊ စစ်ဆေးရေးကဏ္ဍနှင့် စာရင်းအင်းကဏ္ဍတို့တွင် စွမ်းဆောင်ရည်နှင့် အသိပညာများ တိုးတက်ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဌာနမှ ဆောင်ရွက်သည့် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14138
Page
14139
Page
14140
Page
14141
Current page
14142
Page
14143
Page
14144
Page
14145
Page
14146
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department