ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပညာရေးဌာနက ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်က မိမိတို့အနေဖြင့် အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲမှ ပညာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများက ကျောင်းအုပ်ကြီးများကို ပြန်လည်ပို့ချ ဆွေးနွေးသွားမည်ဖြစ်ပြီး မြိုပေါ်၊ ကျေးရွာများရှိ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အဆိုပါကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့် အတွက် အလုပ်တာဝန်များနှင့် စည်ကမ်းများကို တန်ဖိုးထားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အနာဂတ်လမ်းပြသူများဖြစ်အောင် ကြိုးစားကြရန် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း များက ကျောင်အုပ်ဆရာ၊ ဆရာမ (၂၂၁)ဦး တက်ရောက်လျက်ရှိပြီး ဆွေးနွေးပွဲကာလ (၂)ရက် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း