အမြို့မြို့အနယ်နယ်သတင်းများ

Jun 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယနေ့မွန်းတည့် (၁၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 13,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်လုပ်ငန်းကော်မတီမှ စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးမှူးကျင်းပသည့် စာကြည့်တိုက်လုပ်ငန်းစဉ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 13,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောခြည်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Jun 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာရှိစိုက်ပျိုး ရေးသုတေသနဦးစီးဌာန ဥယျာဉ်ခြံသုတေသနဌာနခွဲ၊ ဟင်းသီးဟင်းရွက် သုတေသနဌာနစုတွင် စားသုံးမှုလုံခြုံစိတ်ချရ၍ အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်များကို တစ်နှစ်ပတ်လုံး မြေလွှာမဲ့စိုက်ပျိုးနည်းဖြင့်စိုက်ပျိုး ထုတ်လုပ်လာနိုင်စေရန်နှင့် မြေလွှာမဲ့စိုက်ပျိုးနည်းစနစ်တွင် အသုံးပြုသော အသင့်သုံးအာဟာရရည်များ ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ သုတေသနများအား ၂၀၂၃-၂၀၂၄ မိုးရာသီတွင် ဆောင်ရွက်လျက်ရှိသည်။
Jun 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ ပတ်ဝန်းကျင်၌ ယခင်နှစ်တွင် ခရမ်းချဉ်သီး တစ်နှစ်ပတ်လုံး ဈေးကောင်းခြင်းကြောင့် ယခုတွင် ခရမ်းချဉ်သီးစိုက်ပျိုးမည့် တောင်သူများပြားလျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦးက ပြောသည်။
Jun 13,2023
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီတွင် ပြွန်တို ကျေးရွာရှိ အသင်းသား အသင်းသူများအား (အဋ္ဌမ) အကြိမ်ပြန်လည်ထုတ်ချေးပေးကြသည်။
Jun 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ဒေသခံတောင်သူများ အပိုဝင်ငွေရရှိရေးနှင့် ပြည်သူများ စားနပ်ရိက္ခာပိုမိုဖူလုံစေရေးအတွက် ဂျပ်စက္ကူနှင့် နွားချေး သို့မဟုတ်​ ဗေဒါကို အသုံးပြု၍ ​ ကောက်ရိုးမှို စိုက်ပျိုးခြင်းသင်တန်းနှင့် ကွင်းပြပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jun 13,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောခြည်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။