အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အလယ်တန်း/အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ အသိပညာ ဗဟုသုတ တိုးပွားလာစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးများကို သိရှိနားလည်လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များကို လူမျိုးဘာသာမရွေး အခမဲ့ ငှားရမ်းပေးလျက်ရှိသည်။
Jun 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ၊ ကျောင်သား/ သူများ ဗဟုသုတများတိုးပွားစေရန်၊ နိုင်ငံ‌သားကောင်းရတနာများ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို
Jun 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်တူးဖော်ခြင်း၊ အဆင့်မြှင့်တင်ခြင်းဆောင်ရွက်မည့်လုပ်ငန်းများကို မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ ပြည်သူလူထုများနှင့် တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ တွေ့ဆုံ၍ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဌာန၌ ပြုလုပ်ခဲ့သည်။
Jun 21,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် Well Site အတွင်း ရေနံအစမ်းတွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်စွယ်တော်ကျေးရွာအုပ်စုအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စနိုးကွင်းကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၄) ရှိ စနိုးကွင်းကိုယ်ပိုင်အထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စနိုးကွင်းကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူဆရာမကြီး ဒေါ်ချိုချိုမြင့်၊ ကျောင်းအုပ်ဆရာကြီး ဦးဌေးမောင်၊ လက်ထောက်ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
Jun 21,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၉:၃၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။