အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2023
မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပရဟိတလှုမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယ​နေ့နံနက်ပိုင်းက ​တောင်နန်ချွန်ကျေးရွာ(မူလွန်) ကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jun 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်ရှိ ဒေသခံပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက စျေးနှုန်းသက်သာစွာဖြင့် ဘဲဥနှင့်စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊  မိုးကုတ်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါနှင့် ကိုဗစ်မျိုးကွဲသစ် မျိုးရိုးဗီဇပြောင်း ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို သတိပြု‌ပြီး ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့နံနက်( ၉ )နာရီအချိန်က မိုးကုတ်မြို့ ၊ ပြည်သူ့ဆေးရုံကြီးရှေ့၌ Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
Jun 21,2023
ကျောင်းသားလူငယ်လေးများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများကို သိရှိနားလည်နိုင်စေရန်အတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို လားရှိုးမြို့ပေါ်ရှိ အခြေခံပညာ အထက်တန် းကျောင်းများတွင် ဇွန်လ ၁၉ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှု၏  ဆိုးကျိုးများ အကြောင်းအသိပညာပေးTalk Showဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jun 21,2023
ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးရုံး၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် မြေပဲသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေး စံပြကွက် (၁၀) ဧက ပံ့ပိုးပစ္စည်းများအား စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။