အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန် နေ့ နံနက်ပိုင်းမှစ၍ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း‌ကျောင်းများ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆီထွက်သီးနှံ မိုးမြေပဲမျိုး ၆ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းကို နားခံကျေးရွာအုပ်စု၊ ကာမလန်းကျေးရွာ တောင်သူ ဦးထွန်းအောင်၏ ယာမြေနေရာ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ လူငယ်လူရွယ်များနှင့် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ကြိုတင်တားဆီးကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိ ပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆိပ်ကမ်းရပ်ကွက် "မြို့မ"(အ.မ.က) ကျောင်းတွင် ပြုလုပ်ခဲ့သည်။
Jun 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲအချိန်ကစတင်ကာ အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့ နံနက် ၉ နာရီမှစတင်၍ အငြိမ်းစား နိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဆက်လက် ထုတ်ပေးလျက်ရှိသည်။
Jun 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library Bus ဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ Mobile Library Bus ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ရောက်ရှိ စာအုပ်၊ စာစောင်များ ငှားပေးခဲ့ကြသည်။
Jun 21,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့ကို ကြိုဆိုသောအားဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ကို  ယမန်နေ့က   ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  ဖြန့်ဝေခဲ့သည်။
Jun 21,2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူနန်ပြည်နယ်၊ ဟွိုင်ဟွာမြို့ကွန်မြူနစ်ပါတီကောင်စီ အတွင်းရေးမှူး Mr.  Xu Zhong jiang ဦးဆောင်သော ဟွိုင်ဟွာ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် ဦးဆောင်သော ဆန်စပါးကိုယ်စားလှယ်များတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။