မိုးနဲ ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ ယနေ့နံနက် ၈ နာရီခွဲအချိန်ကစတင်ကာ အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားပင်စင်လစာငွေများကို လစဥ် နိုင်ငံ့ဝန်ထမ်းလစာငွေများမပေးမီ ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များ၌ နံနက် ၈ နာရီခွဲအချိန်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း၊ မိုးနဲမြို့နယ် မြန်မာ့ စီးပွားရေးဘဏ်အနေဖြင့် ဘဏ်ပင်စင်၊ မြို့ပြပင်စင်၊ ကာကွယ်ရေးပင်စင်နှင့် နိုင်ငံရေးပင်စင် စုစုပေါင်း (၄) မျိုးကို ထုတ်ပေးလျက်ရှိကြောင်း၊ ယနေ့တွင် ကာကွယ်ရေးပင်စင်မှအပ ကျန် (၃) မျိုးမှ လာရောက်ထုတ်ယူသွားမည်ဖြစ်ကြောင်း၊ ပင်စင်လာရောက်ထုတ်ယူသူများ အနေ ဖြင့်လည်း လာရောက်ထုတ်ယူရာတွင် ဘဏ်မှထုတ်ပေးထားသော ထုတ်ယူခွင့်ကတ်ပြားများကို ယူဆောင်လာကြရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်မလာရောက်နိုင်သူများအနေဖြင့် အဆင်ပြေစေရေးအတွက် ဆွေးမျိုးသားချင်းတစ်ဦးဦးကို ကိုယ်စာလှယ်လွှဲစာပေး၍ လာရောက်ထုတ်ယူ စေခိုင်းနိုင်ကြောင်း၊ အငြိမ်းစားပင်စင်စားဦးရေ စုစုပေါင်း (၃၄၅) ဦးရှိကြောင်းနှင့် စိတ်အေးချမ်းသာစွာနှင့် အဆင်ပြေပြေထုတ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)