တာမွေမြို့နယ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ်လေးလုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် စက်မှု(၁)လမ်း အမှတ်(၁၁၁)၊ အကျယ်အဝန်း (၂၀×၃၀)ပေ အုတ်ညှပ်နှစ်ထပ် နေအိမ်အဆောက်အအုံ၏ အကျယ် အဝန်း (၉×၃၀)ပေ အပေါ်ထပ် ညာဘက်အခန်း၌ မီးပူတိုက်၍ မီးပူခလုတ်နှင့် မီးပလပ်မဖြုတ်ဘဲ ထားခဲ့ရာမှ မီးပူ၏ အရှိန်ကြောင့် အဝတ်အစားများ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှု ယမန်နေ့ ည (၈) နာရီ (၄၂) မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ပြီး လူနေအိမ်လေးလုံးနှင့် အိမ်အတွင်းပစ္စည်းများ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။