လင်းခေး အခြေခံပညာအထက်တန်းကျောင်း၌ လူရည်ချွန်မောင်မယ်နှစ်ဦးအား ကြိုဆိုဂုဏ်ပြုပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီခွဲက (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ဘက်စုံထူးချွန်ဆု(လူရည် ချွန်)ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူနှစ်ဦးအား ကြိုဆိုဂုဏ်ပြုပွဲကို အဆိုပါကျောင်းမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။