ဘားအံမြို့တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုင်ငံတော်၏ အရေးကြီးသော အရင်းအမြစ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲစွာကျင့်သုံးတတ်စေရန် ရည်ရွယ်၍ KG ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ဒီဇင်ဘာလ ၃ ရက်နေ့က ဘားအံမြို့နယ်အတွင်းရှိ ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို ဒီဇင်ဘာ ၅ ရက်နံနက် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ကျိုက္ကစံဆံတော်ရှင်စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ခြင်းမင်္ဂလာ၊ ပရိတ်တရားတော်နာယူခြင်းနှင့် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတွင် စေတီတော်ဂေါပကအဖွဲ့ကကြီးမှုး၍ သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီနှင့် အရံစေတီ (၁၈) ဆူတို့အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ငြမ်းတပ်ဆင်ခြင်း မင်္ဂလာ၊ ပရိတ်တရားတော်နာယူခြင်းနှင့် အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားအား မြန်မာသက္ကရာဇ် ၁၃၈၇ ခု နတ်တော်လပြည့် (စာဆိုတော်နေ့) ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက် နံနက် (၆) နာရီအချိန်က စေတီတော်ရင်ပြင် မင်္ဂလာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းနောင်မြို့တွင် မိုင်းရှူးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အမျိုးသမီးငယ်များဘဝ ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မိုင်းရှူးခရိုင် အမျိုသမီးရေးရာ အဖွဲ့မှကြီးမှူး၍ အမျိုးသမီးငယ်များဘဝ ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြန်အောင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ် (၁) ရပ်ကွက်၌ ယနေ့နံနက်က အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်​ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ မှတ်ပုံတင်မရှိသူပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့မွန်းလွဲပိုင်းက One Stop Serviceဖြင့် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို)အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ကျင်းပခဲ့သည်။

ကသာမြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေး door to door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များသို့ ဒုတိယအကြိမ် ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်စာရင်း မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများမှ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဒီဇင်ဘာ ၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။
Subscribe to