ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် Youth Club နှင့် စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ညီညီနိုင်ရေးသားသော "အောင်မြင်ရေးသော့ချက် A-Z 26" စာအုပ်ပါ "ရည်မှန်းချက် (Ambition)" ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် Youth Club အဖွဲ့ဝင်များက "အောင်မြင်မှုနေပူစာလှုံ" ၊ "ဖန်တီးမှုစွမ်းရည်" ၊ "စိတ်ကူးယဉ်အိပ်မက်မက်ခြင်း" အစရှိသောခေါင်းစဉ်အသီးသီးဖြင့် ဖတ်ကြားပြီး စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းများကို ပြည်သူများနှင့်လူငယ်များစာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)